- အဆင်းနဲ့အတက် -
ဝေလငါးတွေ ငါ့နောက်ကနေဟွန်းတီးသွားတဲ့
မိုးရွာပြီးစ ညနေခင်းတစ်ခုမှာပေါ့
ကိုးမိုင်ကုန်းပေါ်ကနေ စက်ဘီးနဲ့လှိမ့်ချလိုက်တာ
ကဗျာတစ်ပုဒ်ပြီးတစ်ပုဒ် ငါ့ကျောပိုးအိတ်လေးထဲကနေ
ခုန်ပေါက်ပြေးထွက်သွားတယ်
ငါလိုက်မကောက်အားပါဘူး
ငါဆက်နင်းတယ်
ပြီးတော့...
ငါဆက်လှုပ်နှိုးတယ်
အိပ်ပျော်နေတဲ့ ငါ့ဘဝကို
တစ်ပတ်ပြီးတစ်ပတ် သံပတ်ပေးရင်း
ငါလှုပ်နှိုးတယ်
မိုးက တာဝန်ကျေရွာပြီးသွားပြီ
ငါက တာဝန်ကျေလခမထုတ်ရသေးဘူး
ကိုယ်လှိမ့်ဆင်းလာတဲ့ကုန်းကို
မနက်ဖြန် နင်းတက်ရဦးမယ်။
- အန်နိုလာ

11 Comments
Awwn...
ReplyDeleteDone 🍀
ReplyDeleteDone 🍀
DeleteAppreciate.
ReplyDeleteဝေလငါးက စက်ဘီးလား ဆိုင်ကယ်လား ကားလားဗျ..
ReplyDeleteကဗျာဆရာရာ နောက်တခါ ကိုးမိုင်ကုန်းပေါ်ကနေမလုပ်နဲ့ ..
ReplyDeleteစော်ဘွားကြီးကုန်းလောက်ကလှိမ့်ချကြည့်ဗျ.. ခင်ဗျားကျခဲ့တဲ့ကဗျာများပြန်တွေ့ရင် ရေးပြပါဦး..
ReplyDelete❣️
ReplyDelete👍
ReplyDelete❤
ReplyDeleteDone
ReplyDelete