20-Second Timer
Time remaining: 20

 


_ရယ်မောခြင်းဆက်တင်_


ချာလီချက်ပလင်က

ရယ်ရတယ်နော် ဖေဖေ


ဒုက္ခဆိုတာရယ်စရာလိုပြခဲ့တဲ့

ဖေဖေတိုခေတ်က သူရဲကောင်းကြီးပေါ့ သားရယ်။


ချာလီချက်ပလင်က

ဘာလိုစကားမပြောတာလဲ ဖေဖေ


သားရယ်ဒုက္ခတွေမှာ

ပြောစရာစကားလုံးမှမရှိတာကွယ်။


"ဒုက္ခဆိုတာ ဘာလဲဖေဖေ"


ဒုက္ခဆိုတာ

ဖေဖေတိုခုကြုံတွေ့နေရတဲ့

နောင်လည်းကြုံရဉီးမယ့်

ရယ်စရာတွေပေါ့ သားရယ်။ 


#အနနိုလာ