Time remaining:
20
_ရယ်မောခြင်းဆက်တင်_
ချာလီချက်ပလင်က
ရယ်ရတယ်နော် ဖေဖေ
ဒုက္ခဆိုတာရယ်စရာလိုပြခဲ့တဲ့
ဖေဖေတိုခေတ်က သူရဲကောင်းကြီးပေါ့ သားရယ်။
ချာလီချက်ပလင်က
ဘာလိုစကားမပြောတာလဲ ဖေဖေ
သားရယ်ဒုက္ခတွေမှာ
ပြောစရာစကားလုံးမှမရှိတာကွယ်။
"ဒုက္ခဆိုတာ ဘာလဲဖေဖေ"
ဒုက္ခဆိုတာ
ဖေဖေတိုခုကြုံတွေ့နေရတဲ့
နောင်လည်းကြုံရဉီးမယ့်
ရယ်စရာတွေပေါ့ သားရယ်။
#အနနိုလာ
.jpg)
2 Comments
Appreciate.
ReplyDeleteဒုက္ခဆိုတာ နောင်တစ်ချိန်မှာ ပြန်ပြောပြရင် ရယ်ရမယ့်ဟာသလည်း ဖြစ်နိုင်တာပါပဲ
ReplyDelete