20-Second Timer
Time remaining: 20


ဘယ်သွားနေလဲ မောင်ရေခဲ ကမ္ဘာကြီးထဲကို ဓားနဲ့ဆို


စစ်ဆိုတာ


ကမ္ဘာမြေပေါ့ပါးလာအောင် စစ်ထုတ်လိုက်တဲ့ရေစစ်လား


ငြိမ်းချမ်းရေးဆိုတာ


သေခြင်းမှာ လူတွေငြိမ်းချမ်း


ဒုက္ခတွေ သိမ်းသွားတာကို ဆိုလိုသလား။


သေနတ်သံတစ်ချက်မှာ သွေးတစ်စက်ဆင်းလာ


အစဉ်အဆက် ဒါဆို


နှင်းဆီတွေ ရဲနေတာ သွေးသောက်ထားလိုပေါ့


ညနေညနေ နေလုံးကြီးနီရဲနေတာ


သေနတ်မှန်ထားလိုပေါ့


သေချာပြီ ငါတိုနှလုံးသားများနီရဲနေတာ


သေချာပြီ ငါတိုသံသယဟာ မြဲခဲ့ပြီ


ကြည့်လေ … ရွှေဒင်္ဂါးပြားလေး


တစ်ဖက်မှာ ပန်းဥယျာဉ်


တစ်ဖက်မှာ ခေါင်းပြတ်


နောက်ထပ်ခုတ်ဖဲ့ထားတဲ့ လရဲ့မျက်နှာပြင်ပေါ်မှာ


သွေးလန့်နေတဲ့ အဘိုးအိုနဲ့ယုန်တစ်ကောင်


ဟေ့ … လူတွေ


ကိုယ့်ဒဏ်ရာ ကိုယ်မေ့


ကော်ဖီဆိုင်ထိုင် ဂျာနယ်လေးတစ်စောင်ဖတ်လို


စီးကရက်လေးဖွာ ဂြိုလ်တုသတင်းတွေစောင့်ကြည့်လို


အိုးနဲ့အိမ်နဲ့


ကမ္ဘာအနှံအပြား


ခင်ဗျားတို အိုးမဲ့အိမ်မဲ့တွေကို အရသာခံနေလို။ ။


ခရမ်းပြာထက်လူ