Time remaining:
20
ဘယ်သွားနေလဲ မောင်ရေခဲ ကမ္ဘာကြီးထဲကို ဓားနဲ့ဆို
စစ်ဆိုတာ
ကမ္ဘာမြေပေါ့ပါးလာအောင် စစ်ထုတ်လိုက်တဲ့ရေစစ်လား
ငြိမ်းချမ်းရေးဆိုတာ
သေခြင်းမှာ လူတွေငြိမ်းချမ်း
ဒုက္ခတွေ သိမ်းသွားတာကို ဆိုလိုသလား။
သေနတ်သံတစ်ချက်မှာ သွေးတစ်စက်ဆင်းလာ
အစဉ်အဆက် ဒါဆို
နှင်းဆီတွေ ရဲနေတာ သွေးသောက်ထားလိုပေါ့
ညနေညနေ နေလုံးကြီးနီရဲနေတာ
သေနတ်မှန်ထားလိုပေါ့
သေချာပြီ ငါတိုနှလုံးသားများနီရဲနေတာ
သေချာပြီ ငါတိုသံသယဟာ မြဲခဲ့ပြီ
ကြည့်လေ … ရွှေဒင်္ဂါးပြားလေး
တစ်ဖက်မှာ ပန်းဥယျာဉ်
တစ်ဖက်မှာ ခေါင်းပြတ်
နောက်ထပ်ခုတ်ဖဲ့ထားတဲ့ လရဲ့မျက်နှာပြင်ပေါ်မှာ
သွေးလန့်နေတဲ့ အဘိုးအိုနဲ့ယုန်တစ်ကောင်
ဟေ့ … လူတွေ
ကိုယ့်ဒဏ်ရာ ကိုယ်မေ့
ကော်ဖီဆိုင်ထိုင် ဂျာနယ်လေးတစ်စောင်ဖတ်လို
စီးကရက်လေးဖွာ ဂြိုလ်တုသတင်းတွေစောင့်ကြည့်လို
အိုးနဲ့အိမ်နဲ့
ကမ္ဘာအနှံအပြား
ခင်ဗျားတို အိုးမဲ့အိမ်မဲ့တွေကို အရသာခံနေလို။ ။
ခရမ်းပြာထက်လူ
.jpg)
21 Comments
❤
ReplyDeletedone
ReplyDeleteDone 🍀
ReplyDeleteDone 🍀
Deleteစစ်နဲ့ ငြိမ်းချမ်းရေး ...
ReplyDeleteAppreciate.
ReplyDeleteဘယ်သွားနေလဲ မောင်ရေခဲ ကမ္ဘာကြီးထဲကို ဓားနဲ့ဆို
ReplyDeleteကြည့်လေ … ရွှေဒင်္ဂါးပြားလေး..
Deleteတစ်ဖက်မှာ ပန်းဥယျာဉ်..
တစ်ဖက်မှာ ခေါင်းပြတ်..
Fighting
ReplyDelete❤
ReplyDeleteကဗျာလေကျန်းမာပါစေဗျာ
ReplyDeleteကဗျာဆရာ ကျန်းမာပါစေ
ReplyDeleteခင်ဗျားတို့ အိုးမဲ့အိမ်မဲ့တွေကို အရသာခံနေလို့
ReplyDelete♥︎
ReplyDelete♥︎
DeleteDone
ReplyDelete❤
ReplyDelete💛
ReplyDelete83123
91623
Delete92423💛
Delete111023💛
Delete