ပင်လယ်ဆာ


လှိုင်းတွေ ပြေးဝင်လာတာ ချစ်သူ့​ရယ်သံကြားရတယ်ဆိုလို့

ကျောက်ဆောင်ဟာ ပင်လယ်ကို ရင်ဖွင့်ထားတယ်


လှိုင်းအဆုတ်မှာ

ကမ်းခြေကို ပြန်မရုတ်နိုင်ခဲ့လို့

တစ်ညလုံးရိုက်ခတ်နေလည်း

ရေစီးသံကို စာသားထည့်

သီချင်းဖွဲ့ဆိုမိတယ်


တွေ့တိုင်းလှ ကောက်တိုင်းရလို့

ပြန်ချထားခဲ့ရတဲ့ ခရုခွံတွေနဲ့

ကမ်းခြေတစ်ခုလုံး အဆင်အသွေးကြွယ်လည်း

ဒဏ်ရာလေးနဲ့တစ်ခု ပိုယုယတယ် ။


ပင်လယ်စာလားဆိုတော့

ကျွန်တော်လည်း

ပင်လယ်ဆာတယ် ။ ။


-စိုင်းဝင်းမြင့်