ပင်လယ်ဆာ
လှိုင်းတွေ ပြေးဝင်လာတာ ချစ်သူ့ရယ်သံကြားရတယ်ဆိုလို့
ကျောက်ဆောင်ဟာ ပင်လယ်ကို ရင်ဖွင့်ထားတယ်
လှိုင်းအဆုတ်မှာ
ကမ်းခြေကို ပြန်မရုတ်နိုင်ခဲ့လို့
တစ်ညလုံးရိုက်ခတ်နေလည်း
ရေစီးသံကို စာသားထည့်
သီချင်းဖွဲ့ဆိုမိတယ်
တွေ့တိုင်းလှ ကောက်တိုင်းရလို့
ပြန်ချထားခဲ့ရတဲ့ ခရုခွံတွေနဲ့
ကမ်းခြေတစ်ခုလုံး အဆင်အသွေးကြွယ်လည်း
ဒဏ်ရာလေးနဲ့တစ်ခု ပိုယုယတယ် ။
ပင်လယ်စာလားဆိုတော့
ကျွန်တော်လည်း
ပင်လယ်ဆာတယ် ။ ။
-စိုင်းဝင်းမြင့်
.jpg)
12 Comments
ပင်လယ်ဆာ😁
ReplyDeleteFighting
ReplyDeleteဉာဏ်မမိတော့ဘူးရှင်
ReplyDelete🤍
ReplyDeleteသူစိမ်း (၁၃) - စိုင်းဝင်းမြင့်
Deleteသူ့စာအုပ်စင်ကလေးမှာ
စာတစောင်မှ မထားခဲ့ဘူး
သူ့နံရံမှာ
ဘာတခုမှ မရေးခဲ့ဘူး ။
သူ ဘယ်မှာလဲလို့
တစုံတယောက်က မေးတဲ့အခါ
မနေ့ကလား တနေ့ကလား
လွန်ခဲ့တဲ့ ရာစုတခုကလား
သုတ်တီးသုတ်ပျာ
ဆံပင်စုတ်ဖွားနဲ့ တွေ့တာပဲလို့
တစုံတယောက်က
ဆိုချင်ဆိုမယ် ။
သူဟာ
ဒီလိုပဲ
ပျောက် ပျောက်သွားတတ်တယ် ။
အလွမ်းသင့်ရာ
အသက်ပွင့်တတ်တယ် ။
အဝတ်တထည် ကိုယ်တခုဟာ
သူ့ အနုပညာလား
သူစိမ်း အခန်းဆက်ဟာ
သူ့အသက်ရှုသံလား
ဒီနေ့မှာတော့
သူဟာ စာမလာ သတင်းမကြားပေါ့ ။ ။
#စိုင်းဝင်းမြင့်
Done 🍀
ReplyDeleteတွေ့တိုင်းလှ ကောက်တိုင်းရလို့
ReplyDeleteပြန်ချထားခဲ့ရတဲ့ ခရုခွံတွေနဲ့
ကမ်းခြေတစ်ခုလုံး အဆင်အသွေးကြွယ်လည်း
ဒဏ်ရာလေးနဲ့တစ်ခု ပိုယုယတယ် ။
♥︎
ReplyDeleteမင်း ထားခဲ့တဲ့ တရားဓမ္မပေါ့
Deleteတခြားတစ်ယောက်နဲ့ အိုမင်းသွားရလေတယ်။
စိုင်းဝင်းမြင့်
Done
ReplyDeleteကမ်းခြေက အလွမ်းပြေတွေလား
ReplyDeleteDone
ReplyDelete