"မမလှလှ"


ကျနော့်စက်ဘီးလေးရဲ့ရှေ့ခြင်းထဲမှာ

ပန်းရောင်းတဲ့ကောင်လေးတစ်ယောက်ရဲ့ပန်းစီးတွေကို

ထည့်ကြည့်ပြီး စိတ်ကူးယဉ်ကြည့်ဖူးတယ်   ။


မမလှလှရဲ့အိမ်ရှေ့ရောက်ရင် စက်ဘီးဘဲလ်ကို

အကြာကြီးတီးမယ်

ပန်းယူကြအုံးမလားလို့ အကျယ်ကြီးအော်မေးမယ်ပေါ့ ။


အဲဒီ့အခါမှာ  မမ လှလှကထွက်လာမယ်

ပန်းစီးတွေ မမကရွေးချယ်နေတုန်း ကျနော်ကစက်ဘီးကို

အပြေးနင်းပြီး ပန်းတွေနဲ့မမလှလှလို့အော်ပြီး

လက်ဆောင်ပေးပစ်ခဲ့တာမျိုး


တကယ်တော့ကျနော်ဝတ္ထုတစ်ပုဒ်ကိုအခြေခံပြီး

စိတ်ကူးမိတာပါပဲ

စက်ဘီးရှေ့ခြင်းထဲမှာလည်း ပန်းတစ်စီးဝယ်ခဲ့တယ်လေ

စက်ဘီးဘဲလ်ကို အကြိမ်ကြိမ်တီးမိနေတာပါပဲ

ပန်းယူကြအုံးမလားလည်း အော်မေးမိတာပါပဲ   ။   ။


-ဝင်းမြင့်