"မမလှလှ"
ကျနော့်စက်ဘီးလေးရဲ့ရှေ့ခြင်းထဲမှာ
ပန်းရောင်းတဲ့ကောင်လေးတစ်ယောက်ရဲ့ပန်းစီးတွေကို
ထည့်ကြည့်ပြီး စိတ်ကူးယဉ်ကြည့်ဖူးတယ် ။
မမလှလှရဲ့အိမ်ရှေ့ရောက်ရင် စက်ဘီးဘဲလ်ကို
အကြာကြီးတီးမယ်
ပန်းယူကြအုံးမလားလို့ အကျယ်ကြီးအော်မေးမယ်ပေါ့ ။
အဲဒီ့အခါမှာ မမ လှလှကထွက်လာမယ်
ပန်းစီးတွေ မမကရွေးချယ်နေတုန်း ကျနော်ကစက်ဘီးကို
အပြေးနင်းပြီး ပန်းတွေနဲ့မမလှလှလို့အော်ပြီး
လက်ဆောင်ပေးပစ်ခဲ့တာမျိုး
တကယ်တော့ကျနော်ဝတ္ထုတစ်ပုဒ်ကိုအခြေခံပြီး
စိတ်ကူးမိတာပါပဲ
စက်ဘီးရှေ့ခြင်းထဲမှာလည်း ပန်းတစ်စီးဝယ်ခဲ့တယ်လေ
စက်ဘီးဘဲလ်ကို အကြိမ်ကြိမ်တီးမိနေတာပါပဲ
ပန်းယူကြအုံးမလားလည်း အော်မေးမိတာပါပဲ ။ ။
-ဝင်းမြင့်
.jpg)
5 Comments
❤️
ReplyDeleteFighting
ReplyDelete❤
ReplyDeleteSweet 💛
ReplyDelete💛💜
ReplyDelete