"ရည်းစားစာ"
ကျွန်တော့်ရဲ့
မခင်သစ်ပင်။
အချစ်ဆိုတာ ပွဲလမ်းသဘင် ဖြစ်ရင်
ကျွန်တော်နဲ့ မခင်သစ်ပင်ရဲ့ ဇာတ်မှာ
ဘယ်သူ ကန့်လန့်ကာလဲ
တောတောင်လျှိုမြောင် ပိတ်ကားရှေ့
ကျွန်တော် အော်ခေါ်နေတာ
အနှစ်သုံးဆယ် ။
မခင်သစ်ပင်
ဇာတ်လမ်းအရ ငိုချင်လည်း ငိုမယ်
ပျော်ချင်လည်း ပျော်ရမယ်
ကျွန်တော် တယောမထိုးချင်ဘူး
ရောမမြို့ကြီး မီးလောင်ရင်လည်း
ကြည့်မနေနိုင်ဘူး
ကျွန်တော်ဟာ သာမန်လူဖြစ်ပြီး
ကျွန်တော်ဟာ ချစ်တတ်လို့ ။
မခင်သစ်ပင်
ကျွန်တော်တို့ နှစ်ယောက်ကြား
ဘာကြောင့် ဘာသာပြန် တစ်ယောက် ခေါ်ထားသလဲ
ကျွန်တော်က ချစ်ခြင်းမေတ္တာကို အမှီအခိုကင်း ချင်တယ်
မုဆိုးတစ်ပိုင်း မိန်းမရိုင်းတွေ ဘာတွေလဲ
ခေတ်မရှိတော့
အင်ကြင်းပင်ကလည်း ရှာရခက်တယ် ။
ကျွန်တော့်ရဲ့ မခင်သစ်ပင်
မခင်သစ်ပင် ပွင့်ပြမှာလား
ကျွန်တော် ခုတ်ပစ်ရမလား
ဒါမှမဟုတ် ဘုရားမှာ လှူမလား
ကျွန်တော်နဲ့ ခင်ဗျား ကြားမှာ
ပန်းတစ်ပွင့် ခြားနေတယ်။
-ဝင်းမြင့်
.jpg)
8 Comments
ခင် တဲ့ 😁
ReplyDelete❤️
ReplyDeleteကျွန်တော်နဲ့ ခင်ဗျား ကြားမှာ
ReplyDeleteပန်းတစ်ပွင့် ခြားနေတယ်။
-ဝင်းမြင့်
💛💜
DeleteFighting
ReplyDelete😌
ReplyDeleteအချစ်ဆိုတာ ပွဲလမ်းသဘင် ဖြစ်ရင်
ReplyDeleteကျွန်တော်နဲ့ မခင်သစ်ပင်ရဲ့ ဇာတ်မှာ
ဘယ်သူ ကန့်လန့်ကာလဲ
-ဝင်းမြင့်
ပွင့်ပြမှာလား ခုတ်ပြစ်ရမလား
ReplyDelete