မျက်လှည့် 


သရုပ်ပျက်လူမှုဗေဒနဲ့ 

ပိန်ချိုင့်နေတဲ့ နိုင်ငံတော် ...


အဲ့ဒိလို အိုနာကျိုးကန်းနေတဲ့ 

ကုဗသေတ္တာထဲမှာ ငါတို့ပိတ်မိနေခဲ့

ပြီးနောက် 

ငါတို့ လွတ်မြောက်ချင်နေချင်ခဲ့ 


ဒါဟာ တရားမျှတမှုရဲ့ နို့ညှာ

ဒါဟာ တရားဆိုတဲ့ချိန်ခွင်ရဲ့ လျှာ 

ဝုန်းခနဲဆိုပြီး အသက်ရှုကြပ်နေကြ

ပြီးတော့ ဝုန်းခနဲ ပြန်ပေါ်လာကြ ။


ဒေးဗစ်ကော်ပါဖီးလ်လို ... 


                 ဗာဂို