အညံ့ခံရေး
လူအများစုတွေဟာ လူအနည်းစုဖြစ်သွားကြပြီး
လူအနည်းစုတွေဟာ လူအများစုဖြစ်လာကြတယ်
ဒါဟာ အညံ့ခံရေးပဲ ။
အရှုးပေးရမယ်ဆို ဘာပဲ လုပ်ရ လုပ်ရ
ငါတိုရဲ့ သွေးကြောထဲမှာက
နှစ် ခုနှစ်ဆယ်ကျော်ကြာ ကြောက်တတ်တဲ့စိတ်တွေ အပြည့် ။
ဒီကနေ့ ဒီရက်ကစပြီး
"မင်းကို အရမ်းချစ်တယ်" လို ပြောရမယ့်အစား
"မင်းကို အရမ်းကြောက်တယ်" လို ပြောင်းပြောကြမယ် ။
အညံ့ခံရေးမှာ ပါဝင်ပတ်သတ်နေတဲ့သူများ
အာနက်စတို ဝါဒနဲ့ ဂျိန်းဘုန်းကြီးများ
မောင်းပြန်ရိုင်ဖယ်က ထွက်လာတဲ့ ကျည်ဆံခွံများ
တစ်ဖျက်ဖျက်ခတ်နေတဲ့ ဒေါင်းမွှေးယပ်တောင်ခတ်သံများ ...
ကုန်ဈေးနှုန်းအတက်အကျနဲ့
လူထုရဲ့ ငတ်မွတ်ဆောင်လောင်မှုထဲမှာ
ဝိုင်တစ်ခွက်ဟာ ကိုင်ရခက်နေ ။
လူအနည်းစုဟာ လူအများစုဖြစ်သွားကြပြီး
လူအများစုသာ လူအနည်းစုလိုဖြစ်နေတဲ့အခါ
ရန်သူကို ရင်ဆိုင်နေရင်း
ရန်သူ့ရဲ့ ပုံစံအတိုင်းမနေမိတဲ့အခါ
ဒါဟာ အညံ့ခံရေးပဲ ။
လီနင်ရဲ့ စောက်နဖူးပြောင်ကြီးကို လှောင်ပြောင်ပြီး
မူဆိုလီနီရဲ့ မေးရိုးကားကားရဲ့အောက်မှာ
ဝပ်ဆင်းရိုကျိုးသွားနေတဲ့ ဘဝ ။
-ဗာဂို
.jpg)
17 Comments
Wheel............dope.🏹🏹🏹
ReplyDeleteAppreciate.
Deleteကုန်ဈေးနှုန်းအတက်အကျနဲ့
ReplyDeleteလူထုရဲ့ ငတ်မွတ်ဆောင်လောင်မှုထဲမှာ
ဝိုင်တစ်ခွက်ဟာ ကိုင်ရခက်နေ ။
မိုက်
Delete🤜🤛
Delete👍
ReplyDeleteGood
ReplyDeleteDone 🍀
ReplyDeleteDone 🍀
DeleteFighting
ReplyDeleteClick,click,click............
Fighting 💛
Delete9323
92023
Delete111623💛
Delete♥︎
ReplyDeleteDone
ReplyDelete💛
ReplyDelete9423
92523
Delete