20-Second Timer
Time remaining: 20

 


အရက်ကိုစီးပြီး 

မြေကြီးထဲလည်း 

ခွဲ၀င်သွားချင်တယ်။ 

ကောင်းကင်ကိုလည်း 

ပျံတက်ချင်တယ်။


ဒါပေမယ့် အရက်မှာ 

တန်ခိုးမရှိပါဘူးကွယ်။ 

အရက်က ငါမေ့ချင်တာတွေကိုလည်း 

မေ့အောင်လုပ်မပေးနိုင်ပါဘူး။ 

ငါချစ်တာတွေကိုလည်း 

ပိုချစ်အောင် မတတ်နိုင်ပါဘူး။ 


တချိုက ငါ့ကို 

ဒီလောက်တောင်ဖြစ်ရသလား တဲ့။ 

ငါဖြစ်ချင်တာက 

ဒိထက်မကပါဘူး။ 


ထွက်ပြေးတယ်ဆိုတာ

တဒင်္ဂလောက်မှ မလွတ်မြောက်ဘူးရင် 

ဘာလိုထွက်ပြေးရတော့မှာလဲ။ 


ငါသိပါတယ်။ 

အရက်ကြောင့် လပ်ဟာသွားတဲ့ 

မှတ်ဉာဏ်အတိုင်းအထွာဟာ 

အတွင်းစိတ်ရဲ့ ပုန်ကန်မှုပဲ။


ဒါပေမယ့် 

သိပ်ပေါ့ပါးနေပါသေးတယ်။ 

ဒါကြောင့်လည်း အရက်ကို 

ငါမယုံပါဘူး။


#ဖော်ဝေး