20-Second Timer
Time remaining: 20


- ဝင်ကစွပ် -


ငေးနေရတာနဲ့ပဲ

ငါဟာ နောက်ကောက်ကျကျန်ခဲ့တာပါ။

 

ဘယ်ကျမ်းကိုမှ မကိုးခဲ့တဲ့

ပျော့အိပျော့တွဲ ဝိရောဓိများဟာ

တိမ်စိုင်တွေလို လေနှင်ရာပြေးလွှားနေကြတယ်။


အတက်ရဲ့ အဆင်းထက်

အတတ်ရဲ့ အဆင်းက

လူဘယ်နှစ်ယောက်ကို သတ်ပြီးပြီလဲ

မသိ။


ချွတ်ခွာပစ်လိုက်တဲ့ ဆဲလ်အသေတွေထဲမှာ

ငှက်တကောင်ရဲ့ အန်ဖတ်တွေနဲ့

လူဝံတကောင်ရဲ့ တုံဆိုင်းခြင်းတွေဟာ

အစီအစဥ်မကျ

မြေကိုလျှိးပြီး မိုးကိုပျံနေကြတယ်။


တကယ်ဆို 

ငါ့မှာလည်း ရိုးသားတာဆိုလို

အသွေးနဲ့ အသားတောင် မရှိတော့ဘူးထင်တယ်

ငါဟာ ကောက်ကျစ်တယ်

ဒါကြောင့် ငါရှိနေတယ်။


တံခါးတွေ ဖွင့်ထားတယ်ဆိုတာ

ထောင်ချောက်တခုရဲ့ မြူဆွယ်ခြင်းလဲ ဖြစ်နိုင်သေးတယ်မဟုတ်လား

ကျောခိုင်းခဲ့ပါတယ်။


မလာခင်ကတည်းက

ပြန်သွားဖိုပဲ တွေးနေမိတဲ့

အကောင်းမြင်သမားဟာ ငါပါ။


#အန်နိုလာ