20-Second Timer
Time remaining: 20

 


အဲ့ဒီ ဓာတ်ပုံကလေးကို

အတိတ်ကို ငေးသူ လို နာမည်ပေးခဲ့ဖူးတယ်။


ကိုယ်ကမင်းအတိတ်ဆီမှာ

စကားပြောခန်း နည်းနည်းလေးပဲ

ပါဖူးခဲ့တယ်ဆိုရုံပါပဲ။


နှလုံးသားလမ်းကြောင်းပေါ်က 

ကျွန်းကလေးဆီမှာ အိမ်ကလေးတစ်လုံးဆောက်ထားတယ်။

အဲ့ဒီမှာပဲနေတော့မယ်။

ကိုယ် အလိုမတူပဲ ကယ်တင်ရှင်တွေ လာကယ်ခဲ့လည်း

အဲ့ဒီကိုပဲ ရောက်အောင်ပြန်သွားမယ်။


ပြီးတော့

မင်းဆီ ရောက်ဖို ဆိုတာကလည်း

ဒီဘဝလေးနဲ့တော့

မမီတော့ပါဘူး ညီမလေးရယ်။ ။


-ဇာတိ