- ဘီ ၂၉ ဗုံးကြဲလေယာဥ် -

ဝါးစားပစ်လိုက်ချင်တာလား
မျက်ရည်ဥတွေနဲ့ ကြယ်စုံချင်တာလား
အဖြစ်အပျက်က
ဂျင်းဘောင်းဘီ ကျပ်ကျပ်ထဲ
တင်သားတွေပြည့်မနေသလို
လှမနေဘူး။

စူဠသုဘဒ္ဒါ ချဉ်ချင်းတက်လို့
ဒီခလုတ်ကို နှိပ်မိတာပါလို့တော့
မြွေမြွေချင်း လာမလှိမ့်နဲ့ ကိုယ့်လူ
ဟိုးး ဟီရိုရှီးမားကနေ ပဇီကြီးအထိ
အဲ့ဒီသောက်ကျင့်တွေ မပျောက်သေး။

ရန်သူ့ရဲ့ ရက်စက်မှုဟာ
ကပ်ဖ်ကာမဖတ်လိုက်ရတဲ့ 
စာတစ်စောင်ထဲက ကဗျာတစ်ပုဒ်ကို
သကြားလုံးထဲ ဌာပနာထည့်လိုက်သလိုပါ။

ခေတ်ကြီးက 
ကိုရာလိုင်းရဲ့ မျက်လုံးတွေကို
ကြယ်သီးတွေတပ်ပေးချင်တဲ့အခါ
မြင်မြင်သမျှ အကျည်းတန်မှုတွေဟာ
လှချင်တိုင်း လှနေတော့တာ။

ငါက အမေရိကန်နိုင်ငံသားပါ
ကိုရီးယားလည်း ရောက်ခဲ့ပြီးပြီ
ဂျပန်ကိုလည်း ရောက်ခဲ့ပြီးပြီ
ငါဆွဲခဲ့တဲ့ ငရဲပန်းပွင့်ပန်းချီကားတွေက
ရောင်းရန်မဟုတ်။

- အန်နိုလာ