ငါတို့များ
ရှဲခနဲ ... တစ်ချက်ထဲနဲ့တင် ကမ္ဘာကို မီးလောင်တိုက်သွင်းလိုရတဲ့ မီးခြစ်ဆံလေး
သူ့ရဲ့ ခွန်အားဟာ ငါတို ယုံကြည်နေတဲ့ အရာတွေထက်ပိုပြီး ပိုပြီးလေ ...
မင်းရော ငါရော
ဟိုလူရော ဒီလူရော ငိုကြ
ငါ ဇာတိမာန်သီချင်းကို ဆိုမယ် ။
"ဒါ တိုတိုင်း တိုပြည် တိုနဲ့မဆိုင်ပေ
ဒါ တိုတိုင်း တိုပြည် တိုနဲ့မဆိုင်ပေ "
ခေတ်ဟာ အနီရောင်မျက်လုံးနဲ့ ယုန်မဲတွေလိုပါပဲ
ပြည်တွင်းစစ်ရဲ့ အန္တရာယ်နံ့ကို နှာခေါင်းတရှုရှုနဲ့ အနံ့ခံနေရတယ် ။
အချိန်သာဝယ်လိုရရင် ကိုယ့်စော်ကို မျက်ဖြူလန်အောင် နှိက်ချင်နေကြတဲ့ကောင်တွေချည်းပဲ
ချစ်ခြင်းမေတ္တာရဲ့ တစ်စိတ်တစ်ဒေသ "ကို ညီမ ဒီနေ့ လာနေတာ "
ကဲ ... ဘာဆက်လုပ်ကြမလဲ
လျှော်လိုက်ကြရုံပေါ့ ။
ကောင်းသော မကောင်းသော ည
ကောင်းသောညလည်း ကောင်းတယ်
မကောင်းသောညမှာလည်း ကောင်းနေတယ် ။
ငါတိုဟာ မြိုပြအလှတရားကို အရည်ဖျော်ပြီး လက်ဖျံရိုးပေါ်က သွေးကြောစိမ်းစိမ်းထဲ ထိုး သွင်း ခဲ့ကြဖူးသူ
ခဲပတ်တွေပေါ်မှာ ကိုယ့်ဘဝကို တင်ရှိကြသူ
အဲ့ဒိလို နေ့မျိုးတွေမှာ
ကျည်ဆံအပြည့်ဖြည့်ထားတဲ့ မျက်လုံးတွေနဲ့ ခရစ္စတိုဖာ ကိုလံဘတ် လိုမျိုး ကမ္ဘာကြီးကို ကြည့်ခဲ့ဖူးသူ ။
ဝေးသွားတယ်ဆိုတာ ကိုယ့်နာမည်ကိုယ် အကျယ်ကြီး အသံထွက်ပြရတာမျိုးပါ
နီးနေရင်လည်း "ချစ်တယ်" ဆိုတဲ့စကားသံကို မျက်လုံးချင်းဆိုင်ကြည့်ရုံနဲ့ အလိုလိုသိနေတာမျိုးပါ ။
ဟေ့ကောင်ရေ
ဟိုးအဝေးမှာ မီးလေးတစ်လုံး လင်းနေရဲ့
ဒါ ကဗျာတစ်ပုဒ်ဖြစ်လာနိုင်ရဲ့
ငါတိုလည်း အဲ့ဒိကဗျာထဲ နစ်ဝင်ပြီး သေ သွား နိုင် ရဲ့ ။
တယ်လီဖုန်းနာပါတ် အလုံးသုံးထောင်ကျော်ကိုမှတ်မိနေတဲ့ တရုတ်စစ်သည်မယ်တွေရဲ့ ဦးနှောက်ကို ချစ်တယ်
ငါ့ကိုယ်ငါ ချစ်တယ်
မင်းတိုနဲ့ ငါ့ရဲ့ အနာဂတ်ကို ချစ်တယ် ။
မျက်စိမှိတ်လိုက်ရင် ဘာမှ မမြင်ရတော့မယ့် ဘဝများ
ငှက်မွှေးပုံတတ်တူးအောက်က အတိတ်တွေကိုတော့ ဖီးလ်မလာခဲ့ကြ ။
ဗာဂို
.jpg)
11 Comments
Wheel............dope.🏹🏹🏹
ReplyDeleteAppreciate.
ReplyDeleteမျက်စိမှိတ်လိုက်ရင် ဘာမှ မမြင်ရတော့မယ့် ဘဝများ
ReplyDeleteငါ့ကိုယ်ငါ ချစ်တယ်
ReplyDeleteမင်းတိုနဲ့ ငါ့ရဲ့ အနာဂတ်ကို ချစ်တယ် ။
92223
DeleteDone 🍀
ReplyDeleteဟိုးအဝေးမှာ မီးလေးတစ်လုံး လင်းနေရဲ့ ....
Deleteဒါ ကဗျာတစ်ပုဒ်ဖြစ်လာနိုင်ရဲ့ ....
ငါတိုလည်း အဲ့ဒိကဗျာထဲ နစ်ဝင်ပြီး သေ သွား နိုင် ရဲ့....
🤍
Done 🍀
DeleteFighting
ReplyDelete♥︎
ReplyDeleteDone
ReplyDelete