20-Second Timer
Time remaining: 20

 


ကိုယ့်ကိုကိုယ်ထူးဆန်းနေတယ်လို ထင်နေတိုင်း ရူးတော့တာပဲ 


လျှပ်စီးလက်တာကို 

ရူးလောက်အောင် ကြောက်ခဲ့ရတဲ့ကောင်က

အခုတော့ လျှပ်စီးလက်နေတဲ့ အနမ်းတွေ ဖန်တီးချင်နေတယ်

အရွယ်ရောက်လာမှုတစ်ခုက အံ့ဩစရာ ။ 


ကိုယ်မသိတဲ့ မိန်းမတစ်ယောက်ကိုဆို 

မှုန်ကုတ်ကုတ်ကြည့်လိုက်ရမှ 

ဂျင်းန်ပင်ဆို ကြယ်သီးတပ်မှ 

ဘီယာသောက်ရင် ABC မှ 

ရုပ်ရှင်ဆို အက်ရှင်ကားမှ 


sex and drugs and rock&roll ဆိုတာကို 

ခေါင်းထဲရိုက်ထည့်ပြီး 

လောကမှာ ငါသာ ငါပါပဲ လို သတ်မှတ်မိ 

ချစ်စရာကောင်းတဲ့ အရာတွေမှန်သမျှ 

ချစ် ပစ်လိုက်တာပဲ... 


နှလုံးသားဟာ နယ်မြေချဲ့လွန်းလို ကိုလံဘတ်ဆန်နေတယ်

ထူးခြားတာ တစ်ခုက 

ငါကိုငါ ချစ်မိတဲ့နေ့က လူတွေနဲ့ အဆက်သွယ်ပြတ်တဲ့နေ့ 

အဲ့လိုနေ့တွေမှာ လူတွေက ငါ့ကို ရှာမတွေ့ဘူး ။ 


ဒီနေ့တော့ နေသာပါတယ်

ကော်ဖီမသောက်ဘူး

ငါးမမျှားဘူး

ရုပ်ရှင်မကြည့်ဘူး 

ဘယ်မှမသွားဘူး 

ဘယ်သူ့ကိုမှ မချစ်မိဘူး ။ 

                                                                  ဗာဂို