Time remaining:
20
ကိုယ့်ကိုကိုယ်ထူးဆန်းနေတယ်လို ထင်နေတိုင်း ရူးတော့တာပဲ
လျှပ်စီးလက်တာကို
ရူးလောက်အောင် ကြောက်ခဲ့ရတဲ့ကောင်က
အခုတော့ လျှပ်စီးလက်နေတဲ့ အနမ်းတွေ ဖန်တီးချင်နေတယ်
အရွယ်ရောက်လာမှုတစ်ခုက အံ့ဩစရာ ။
ကိုယ်မသိတဲ့ မိန်းမတစ်ယောက်ကိုဆို
မှုန်ကုတ်ကုတ်ကြည့်လိုက်ရမှ
ဂျင်းန်ပင်ဆို ကြယ်သီးတပ်မှ
ဘီယာသောက်ရင် ABC မှ
ရုပ်ရှင်ဆို အက်ရှင်ကားမှ
sex and drugs and rock&roll ဆိုတာကို
ခေါင်းထဲရိုက်ထည့်ပြီး
လောကမှာ ငါသာ ငါပါပဲ လို သတ်မှတ်မိ
ချစ်စရာကောင်းတဲ့ အရာတွေမှန်သမျှ
ချစ် ပစ်လိုက်တာပဲ...
နှလုံးသားဟာ နယ်မြေချဲ့လွန်းလို ကိုလံဘတ်ဆန်နေတယ်
ထူးခြားတာ တစ်ခုက
ငါကိုငါ ချစ်မိတဲ့နေ့က လူတွေနဲ့ အဆက်သွယ်ပြတ်တဲ့နေ့
အဲ့လိုနေ့တွေမှာ လူတွေက ငါ့ကို ရှာမတွေ့ဘူး ။
ဒီနေ့တော့ နေသာပါတယ်
ကော်ဖီမသောက်ဘူး
ငါးမမျှားဘူး
ရုပ်ရှင်မကြည့်ဘူး
ဘယ်မှမသွားဘူး
ဘယ်သူ့ကိုမှ မချစ်မိဘူး ။
ဗာဂို
.jpg)
18 Comments
လျှပ်စီးလက်တာကို ခုထိရူးလောက်အောင်ကြောက်တုန်းပဲ😂
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteAppreciate.
ReplyDelete・❥・
ReplyDelete♡.﹀﹀﹀﹀.♡
နှလုံးသားဟာနယ်မြေချဲ့လွန့်လို့ ကိုလံဘတ်ဆန်နေတယ်
ReplyDeleteအနုပညာ၏စွမ်းအားသည် လူတွေရဲ့နှလုံးသားနယ်နိမိတ်အား
ReplyDeleteတမြေ့မြေ့ကျယ်ပြန့်စေ၏။
ဒီနေ့တော့ နေသာပါတယ်
ReplyDeleteကော်ဖီမသောက်ဘူး
ငါးမမျှားဘူး
ရုပ်ရှင်မကြည့်ဘူး
ဘယ်မှမသွားဘူး
ဘယ်သူ့ကိုမှ မချစ်မိဘူး ။
#ဗာဂို
👍
Delete9523
91223
DeleteGood
ReplyDelete👍
ReplyDeleteDone 🍀
ReplyDeleteDone 🍀
Deleteဗာဂို
ReplyDeleteFighting
ReplyDeleteClick,click,click..........
♥︎
ReplyDeleteDone
ReplyDelete92123
ReplyDelete