20-Second Timer
Time remaining: 20

 


စုန်းမတီဗီ


ပန်းအိုးထဲက မနက်ကိုလိပ်တင်ရင်း

မြိုထဲက လေလွင့်ခွေးတွေ လေယာဉ်ပျံလိုပျံရင်း

အထိမ်းအမှတ်ကျောက်ရုပ်ကြီးတွေရဲ့

ရင်ဘတ်ထဲက ပိုးဟပ်တွေ စေတီတည်ရင်း

သစ်ပင်ပေါ်က ရုက္ခစိုး မြေပြင်ပေါ်‌ သွေးအိုင်ထဲသေဆုံးရင်း

ခေါင်းထဲက နွားဟာ ဟက်ချိုးတွေနောက် စမ်းတဝါးဝါးလိုက်ရင်း

ဟန်းဖုန်းရဲ့ အမွေးအမှင်တွေ ရှည်ထွက်လာရင်း

ဆေးရုံထဲက သင်္ဘောဥဩဆွဲသံကို ဘောင်းဘီဇစ်ဆွဲတင်ရင်း

တိမ်တွေရဲ့ အတောင်ပံတစ်ချိုကို ဘောလ်ပင်နဲ့ဆွဲရင်း

မျက်လှည့်ဆရာဟာ သူ့ဦးခေါင်းခွံကိုဆုကြေးအဖြစ်ထုတ်ဖို

ထီလက်မှတ်ရုံထဲရှာရင်း

ဥက္ကာပျံဟာ အထီးကျန်ကြက်ဥပေါ် ခုန်နေရင်း

လီလီပန်းတွေရဲ့ ကြောင်တောင်တောင်နေ့တွေ

တီဗွီထဲ မျိုးတုန်း ပျောက်မကွယ်ခင်အချိန်ထိ။


-ကန္တာရမိုးစက်