၁၀၊ အောက်တိုဘာ
အိပ်မက်သာ ဖြစ်ပါတယ်။ အိပ်မက်သာပဲ ဖြစ်ပရစေဗျာ။ အော်... သူ့မျက်နှာ။ ချမ်းမြေ့ကြည်မောဖွယ် ညိုဆိုင်းသော ရင်ခွင်နွေးလေးရဲ့သင်္ကေတ။ မေတ္တာရဲ့သင်္ကေတ။ နှလုံးသားဆန္ဒရဲ့သင်္ကေတ၊ ဒူးထောက်ခဲ့၊ လက်မြှောက်ခဲ့၊ ငိုကြွေးခဲ့၊ အသနားခံ တောင်းပန်ခဲ့ပြီးပါပကော။ မလာပါနဲ့တော့ကွယ်။ ဒီ ကိုယ်သင်းနံ့လေးတွေ၊ ဒီအပြုံး၊ ဒီအသံမျိုးကို အိပ်မက်ထဲအထိ ယူဆောင်ခဲ့ရသလားကွယ်။ ဒီသစ်ပင်တွေ၊ ဒီအိမ်၊ ဟောဟို မှုန်ပျပျဟာ မင်းတိုရဲ့ အိမ်ခေါင်မိုး။ ရထား ဖြည်းဖြည်းဖြတ်လာတော့ ပြတင်းပေါက်ဘေးက အသာခြောင်းကြည့်လာခဲ့မိတယ်။ ငါ ရင်မခုန်တော့ဘူး။ ဝမ်းသာလိုက်တာ။ ဟုတ်တယ် ပြီးပြီပေါ့။ မိုးလင်းလို ဇာတ်ပေါင်းသွား၊ မင်းသမီးလည်း နောက်ဇာတ်လိုက်တစ်ယောက်နဲ့ ညားသွား။ ဒါပဲ မဟုတ်လား။ မိုးလင်းပြီ။ ပွဲပြီးပြီ။ ပြန်ကြစို။ ကိုယ့်ကိုကိုယ် အတော်လေး ကျေနပ်သွားရတယ်။ ဒါပေမယ့်... ခု မင်းရောက်လာပြန်တယ်။ တံခါးတွေ အားလုံးပိတ်ထားရက်နဲ့ ငါ မပိုင်စိုးတဲ့ အိပ်မက်ထဲက မင်းဝင်လာခဲ့တယ်။ မင်းကို အသက်လို ချစ်ခဲ့၊ တယုတယ ရှိက်နမ်းခဲ့၊ တမြတ်တနိုး ကိုးကွယ်ခဲ့။ ဒါတွေသာ ငါ ရခဲ့ပါတယ်။ ခွင့်လွှတ်ပါတယ် အချစ်ရယ်။ ဟင့်အင်း ... မဟုတ်ဘူး။ မင်းကို ငါ ခွင့်မလွှတ်ဘူး။ အို ... မဟုတ်ဘူး။ ငါ့ အတ္တကသာ ခွင့်မလွှတ်ခဲ့တာပါ။ ငါ့ကို ခွင့်လွှတ်ပါကွယ်။ တစ်ခုပဲ ငါ့ကို သက်ညှာပါ အချစ်ရယ်။ ငါ့နှလုံးသားထဲ မလာပါနဲ့။ နှစ်ပေါင်းများစွာ မကျန်းမာခဲ့၊ ကြေအက်ကွဲမွဲခဲ့ရပြီပဲ ...။ ပင်ပန်းလှပါပြီကွယ်။
-ဖော်ဝေး
(ဖော်ဝေး ဒိုင်ယာရီ)
.jpg)
12 Comments
❤️
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteDone 🍀
ReplyDeleteDone 🍀
Delete😧
ReplyDelete💔
ReplyDelete💔
ReplyDelete💔
DeleteAppreciate.
ReplyDelete30/5
ReplyDeleteပျက်ကွက်ခဲ့တာအတွက်တောင်းပန်ပါ၏
ReplyDeleteDone
ReplyDelete