နှမ်းဖြူး- ၂
=======
Fight for freedom ဆိုတဲ့နဖူးစီးနဲ့
ငါ့ သူငယ်ချင်းတွေ တိုက်ပွဲဝင်ဖို့
ချီတက်သွားကြပြီ
ငါကတော့ ဖျားနာချင်ယောင်ဆောင်ပြီး
အိမ်မှာ နေရစ်ခဲ့တယ်
ငါ့မှာ သွေးကျဲ ရောဂါရှိတယ်
ဘာအရေးလဲ
ဟိုကောင်တွေ မအောင်မြင်ရင်
ဝမ်းနည်းကြေကွဲပြရုံပေါ့
ဟိုကောင်တွေ အောင်မြင်ရင်
အသီးအပွင့်တွေ အဆင်သင့်
ခြွေယူစားသုံးရုံပေါ့
ရေစီးအတိုင်း
ငါးကလေးတစ်ကောင် ကူးခပ်သွားတာတွေ့ရင်
အဲ့ဒါ ငါပဲ။
- လင်း မာအို
11 Comments
Appreciate.
ReplyDeleteDone 🍀
ReplyDelete😔
ReplyDelete😔
ReplyDeleteWheel............dope.🏹🏹🏹
ReplyDelete🐬🐬🐬
ReplyDeleteနှမ်းဖြူး
ReplyDeleteရေမကူးတဲ့ အဲ့ငါးကို ချဉ်ရည်ဟင်းအိုးထဲထည့်ချက်ကွာ..
ReplyDelete❤❤❤
ReplyDeleteရေစီးအတိုင်း
ReplyDeleteငါးကလေးတကောင် ကူးခပ်သွားတာတွေ့ရင်
အဲ့ဒါ ငါပဲ။
👍
ReplyDelete