တကယ်လိုများ အသက်ရှင်နေရတာ အသုံးမဝင်ဘူးလို ခံစားနေရရင်လေ။
တကယ်တမ်းက လူတဦးတယောက်ရဲ့နေထိုင်မှုက ကမ္ဘာပေါ်ရှိနေသမျှ သက်ရှိအားလုံးအပေါ်အကျိုးပြုနေဖို မလိုအပ်ပါဘူး။ ငါတိုဟာ စူပါဟီးရိုးတွေမဟုတ်ကြပဲ ငါတိုဟာ သာမန်လူတွေဖြစ်နေလိုပါပဲ။ အသက်ကြီးလာမယ်။ မင်းရဲ့ဘဝစက်ဝိုင်းထဲမှာ လူတွေနည်းလာမယ်။ ဒီနေရာမှာ "အသုံးဝင်ခြင်း" ဆိုတဲ့ ဓာတ်ခွဲခန်းသုံးစကားလုံးနဲ့ ဘဝကို ငါတိုမတိုင်းတာဘူး။ ဝန်းရံထားတဲ့ချစ်ခြင်းတွေနဲ့ပဲ တိုင်းတာစေချင်တယ်။
မင်းမွေးထားတဲ့ခွေးကလေးက မင်းအိမ်အပြန်လမ်းမှာ အမြဲစောင့်နေတတ်ရင်၊ ကြမ်းတမ်းတဲ့ဒီကမ္ဘာကြီးမှာ မင်းနဲ့မင်းအမေနဲ့ တယောက်ကိုတယောက်မှီခိုနေရရင်၊ မင်းကိုဆုံးရှုးရတဲ့အခါ မင်းသူငယ်ချင်းတွေဆီမှာ ကွက်လပ်အကြီးကြီးတခုဖြစ်သွားမယ်ဆိုရင် ဒါဟာမင်းရဲ့အသုံးဝင်မှု/အရေးပါမှု/ အချစ်ခံရခြင်းနဲ့ ချစ်ခြင်းရှိမှုပါပဲ။
မိုးရေထဲမှာ ခိုက်ခိုက်တုန်နေတဲ့ကလေးလေးရဲ့လက်ထဲ မုန့်တထုပ်ထည့်ပေးဖို၊ မင်းရဲ့လက်ကျန်ပိုက်ဆံနဲ့ မင်းဆီ မုန့်လာပိုတဲ့လူကို ဘောက်ဆူးပေးလိုက်ဖို၊ ဆိုက်ကားပေါ်ကဆင်းတိုင်း ကျေးဇူးတင်ပါတယ် ပြန်မအမ်းပါနဲ့လို ပြုံးရယ်ပြီးပြောဖို။ မင်းနှလုံးသားနွေးထွေးအေးမြသွားတိုင်း မင်းရဲ့အရေးပါမှုကို မင်းမြင်လာမယ်။ မင်းလက်တွေကို ပိုပြီးဆန့်တန်းနိုင်ဖိုလည်း စိတ်ဆန္ဒရှိနေသေးတယ်ဆိုရင်။ မင်းဟာ ကမ္ဘာကြီးထဲက မြိုသေးသေးလေးဆီက ဘားဆိုင်တခုမှာ တိုးတိုးလေးဖွင့်ထားတဲ့ Country သီချင်းတပုဒ်ပါပဲ။
ငိုပါ။ စကားပြောပါ။ ဘာပဲဖြစ်ဖြစ် မင်းအသက်ဆက်ရှင်နေဖိုသာ လိုပါတယ်။
#ဆပရိပ်
.jpg)
5 Comments
ငိုပါ စကားပြောပါ ဘာပဲဖြစ်ဖြစ် မင်းအသက်ဆက်ရှင်နေဖို့သာ လိုပါတယ်။
ReplyDelete❤
ReplyDeleteAppreciate.
ReplyDeleteငိုပါ။ စကားပြောပါ။ ဘာပဲဖြစ်ဖြစ် မင်းအသက်ဆက်ရှင်နေဖိုသာ လိုပါတယ်။
ReplyDelete#ဆပရိပ်
Wheel............dope.🏹🏹🏹
ReplyDelete