ပန်းပဲမောင်တင့်တယ်

တော်လှန်ရေးသမားက ဆန္ဒပြလွန်းလို့
လွှတ်တော်ထဲ အမတ်နေရာ ပေးလိုက်တယ်
မီတာခတွေ တိုးမြှင့်ကောက်တဲ့အခါ
ပန်းပဲဖိုက မပူရဘဲ
မဆီမဆိုင် စကားပင်က မီးတကျီကျီခရိုနီ
နှမပေးထားပေမယ့်လည်း
ယောက်ဖအစိုးရက မဲပြားမှာ ကြောက်တယ်
အသဲကွဲတော့ KTV မှာ အသံဟစ်ရာက
"သိုးကလေ"ဆိုပြီး မြန်မာကဗျာစတယ်
အမေမွေးကတည်းက သူပုန်စိတ်အားကြီးခဲ့တာ
တိုင်းရေးပြည်ရေးကို မပါးနပ်တော့
ဗန္ဓုလလို အမြှောက်တွေကြားထဲ ဓါးဝင့်ရင်း
အိမ်တွင်းအောင်းနေတဲ့လူတန်းစားပါ သေခဲ့ရတယ်
မသေခင် 
တရွာလုံးကနွားတွေကို တရုတ်ပြည်ပို့ပြီး
တရွာလုံးကမီးလုံးတွေကို ရိုက်ခွဲခဲ့တယ်။
-ရှိန်ဝါ-