ဒီဗြူ တီပါလာလည်း လူစည်လာမှာပဲ လူစီ
နင်ဟာ တင်ကားနေတဲ့ တင့်ကားပဲ ကောင်မလေး
ငါ့ကို ဟန်နဲ့ ခြောက်တယ်
ပြီးတော့ အသံနဲ့ခြောက်တယ်
အခု မပြောမဆိုနဲ့ နင် ညှပ်ချလိုက်တာ
ငါ အရှည်ထားနေတဲ့ တော်လှန်ရေးကြီး
အမှန်တရားဟာ ငါ့ရှေ့က မှန်ထဲမှာလား
ဟိုအံဆွဲထဲက ဆံပင်ဆိုးဆေးဘူးတွေထဲမှာလား
မေးခွန်းတွေက ဘယ်တော့မှ မဖြောင့်ဘူး
ဒီမိုကရေစီလို့ နာမည်ပေးရင်တော့
ဒီဗြူ တီပါလာလည်း လူစည်လာမှာပဲ လူစီ။
- လင်း မာအို
10 Comments
Done 🍀
ReplyDeleteAppreciate.
Delete🙂
ReplyDeleteWheel............dope.🏹🏹🏹
ReplyDelete❣️
ReplyDeleteအခုဗြူတီပါလာက နာမည်မရှိဘူးလား.. ဒီမိုကရေစီလို့တော့မပေးနဲ့.. ညှပ် လျှော် ဆေး total ဘယ်လောက်ကုန်လဲ.. facebook မှာရော page ရှိလား
ReplyDelete❤️🌷
ReplyDelete❤❤❤
ReplyDelete❤
ReplyDelete💛
ReplyDelete