🔳 ဖြူသော_အမှောင်
မေမေချစ်တဲ့ သားကြီး
ခုတော့ အရက်ဆိုင်မှာပေါ့ ဖေဖေ
အပျိုစစ်တဲ့ မိန်းကလေးနဲ့မှ
လက်ထပ်မယ်ဆိုတဲ့အတွေးတွေလည်း မရှိတော့ဘူး
တိတ်ဆိတ်တဲ့ သစ်သီးတလုံးလို
တွေးခေါ်ချင်ခဲ့တာ
အပြစ်ဆိုလို ပိုက်ဆံမရှိတဲ့
အပြစ်ပဲ ရှိပါတယ်
အနော်ရထာလမ်းမကြီးကို
ကိုယ့်အမေလင်ပိုင်တဲ့ လမ်းမကြီးလို သဘောထားပြီး
ညနေဆို ထွက်လာနေကျ
သွေးရူးသွေးတန်း တေလေများ
ဆက်ဆံရေးရိုးရှင်းတယ်
တညလုံး အလွတ်ရပြီးသား
နိူးကြားမှုနဲ့ သီချင်းတွေဖွင့်ရင်
အဲ့ဒီမနက် မြေလှန်ရှာရမယ့် အမှောင်ဟာ
ကိုယ့်မိုက်တွင်းပဲ ဖြစ်ပါစေ
ကျေနပ်တတ်ရမှာပဲ
ခွေးရူးပြန်ရောဂါရနေတဲ့ လူလို
နေ့အလင်းရောင်ကို ရှောင်ရှားတတ်လာတယ်
မှောင်ရိပ်ကျကျ
လက်ဘက်ရည်တခွက် ပေးပါ
ထောင့်ချိုးတနေရာမှာ
လောကကို ဆက်ချစ်ရတာပေါ့
မိန်းမတယောက်က
ပညာတတ်ပြီး
ဘွဲတွေ တသီတတန်းရပြီးမှ
အမှားကြီးကြီးကို ရွေးကျူးလွန်မိတဲ့
ကမ္ဘာမှာ
ကိုးကွယ်မှားသူ ကြက်ခြေခတ်များအဖြစ်
ကိုယ့်ကိုယ်ကိုယ် မရွေးချယ်ခဲ့ပါ
ကိုယ့်ဖျားယောင်းမှုနဲ့ ကိုယ်သာ
ကျေနပ်ပျော်ရွှင်တတ်လိုသူ တယောက်မက
ဒီနယ်မြေမှာ စည်းလုံးကြပါစေ ။ ။
- ရွှေကြယ်မိုး
.jpg)
6 Comments
🩶🖤
ReplyDelete❤
ReplyDeleteဒီလိုကဗျာတွေကို ကြိုက်လည်းကြိုက်တယ် ဉာဏ်လည်းမမှီဘူး😔
ReplyDeleteAppreciate.
ReplyDelete❤❤❤
ReplyDeleteအပျိုစစ်တဲ့ မိန်းကလေးဆိုလို့..ငယ်ရည်းစားကိုသတိရတယ်တဲ့..စိတ်က.. ဘယ့်နှယ့်..
ReplyDelete