Time remaining:
20
ဘဝမှာ မင်းရှိခဲ့ဖူးကြောင်း အထောက်အထားဆိုလို ပုံပျက်ပန်းပျက်ဖြစ်သွားတဲ့ငါကိုယ်တိုင်ပဲ ကျန်တော့တယ်။ငါတိုက တစ်သက်လုံးအတူရှိလိုရပါတယ်။ဒါပေမယ့် အတူရှိနေရင်တောင် အတူဖြစ်နေတော့မှာမဟုတ်ဘူး။မီးရထားသံလမ်းတွေကို တွေ့တိုင်း ငါဒါကိုပိုပိုနားလည်လာခဲ့တယ်။ဝေးကွာတယ်ဆိုတဲ့ စကားလုံးနဲ့တောင် ပုံဖော်လိုမရတဲ့ မနီးစပ်ခြင်းမျိုးကို ငါတိုရရှိခဲ့ကြပါတယ်။
နောက်တော့လည်း တွေ့ဆုံခြင်းဆိုတာဟာ အာကာသထဲက ဥက္ကာခဲအချင်းချင်း တိုက်မိတဲ့အခိုက်အတန့်တွေလိုမျိုးပဲလို ခံစားမိလာတယ်။ကမ္ဘာက အကျယ်ကြီး။ ငါတိုတွေ့ဖိုအတွက် အခွင့်အရေးက အများကြီးမရှိ။ဒါပေမယ့်ငါတိုတွေ့ခဲ့ကြတယ်။တစ်နည်းအားဖြင့် ငါတိုတိုက်မိခဲ့ကြတယ်။ပြီးတော့ အပွန်းအပဲ့ကိုယ်စီနဲ့ ကိုယ့်လမ်းကို ဆက်လက်ထွက်ခွာခဲ့ကြတယ်ပေါ့။
မျက်လုံးမှိတ်လိုက်တိုင်း မိုးတွေရွာနေတယ်
ငါ့လက်နှစ်ဖက်မှာ နှင်းတွေခဲနေတယ်
ငါတိုဘယ်တော့မှ စကားမပြောဖြစ်ကြတော့ဘူး* ။
-ဆပ်ရိပ်
.jpg)
5 Comments
ဘဝမှာ မင်းရှိခဲ့ဖူးကြောင်း အထောက်အထားဆိုလို့ပုံပျက်ပန်းပျက်ဖြစ်သွားတဲ့ ငါကိုယ်တိုင်ပဲ ကျန်တော့တယ်...
ReplyDeleteမျက်လုံးမှိတ်လိုက်တိုင်း မိုးတွေရွာနေတယ်
ReplyDeleteငါ့လက်နှစ်ဖက်မှာ နှင်းတွေခဲနေတယ်
ငါတိုဘယ်တော့မှ စကားမပြောဖြစ်ကြတော့ဘူး* ။
နောက်ဆုံးတော့လည်း တွေ့ဆုံခြင်းဆိုတာဟာ ခွဲခွာရဖို့ပါပဲ ...
ReplyDeleteAppreciate.
ReplyDeleteWheel............dope.🏹🏹🏹
ReplyDelete