Time remaining:
20
ကောင်းကင်ဘုံမော်တော်ကား
ကဗျာဆရာ တစ်ယောက်ဟာ
အလင်းရောင်သဏ္ဍာန် ဟန်ဆောင်ပြီး
မရှိကြယ်တွေဆီ ခရီးထွက်လာခဲ့တယ်
မရှိကြယ်တွေအားလုံး က
အာကာသမှောင်မှောင်ထဲမှာ
စိတ်ကူးယဥ်ခြင်းနဲ့ လင်းလက်ရစ်မူးလိုပေါ့
ဒီတစ်ခါတော့ ကားရှေ့မီးတွေဟာ
တိမ်တွေလို ရွေ့လျား တတ်လာကြပြီလေ
အိပ်မပျော်တဲ့ ဂျယ်လီဒရယ်တွေက
အာကာသယာဥ် ဟန်ဆောင်ပြီး
သိပ္ပံဇာတ်ကားတစ်ကား ရိုက်ကူးချိန်လည်းဖြစ်တယ်
တကယ့် အဖြစ်အပျက်မှန်သမျှ
ကျောက်ဖြစ်ရုပ်ကြွင်း အဖြစ်တောင်
မကျန်ခဲ့ဘူးဆိုတာ ဘယ်သူမှမယုံကြဘူး
အာကာသ အဝေးပြေးလမ်းမပေါ်မှာ
နီယွန်မီးထွန်းထားတဲ့ လက်ပြတ်တွေ
ပြန့်ကျဲ နေမယ်ဆိုတာဟာ
ကြိုတင် ဇာတ်တိုက်ထားသလိုဘဲ
အေးစက်တဲ့ ရှေ့က ကားထဲ
အသည်းကွဲနေတဲ့ စုန်းကဝေတွေရှိလိမ့်မယ်လို
နောက်က ကပ်ပါလာတဲ့ အာကာသခရီးသွား
မော်တော်ကား နောက်တစ်စီးက
ကောင်းကောင်း ခန့်မှန်းနေလေလိမ့်မယ်။
ကန္တာရမိုးစက်
.jpg)
5 Comments
🌌🌌🌌🚙🚙🚙
ReplyDeleteWheel............dope.🏹🏹🏹
ReplyDelete❤
ReplyDeleteAppreciate.
ReplyDeleteFighting
ReplyDelete