Time remaining:
20
- တစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူမလဲ -
တစ်ယောက်က ကမ်းခြေမှာ မိုးတွေ ရွာလို
ပျော်ပျော်ရွှင်ရွှင် ကနေတဲ့အချိန်
နောက်တစ်ယောက်က စိတ်ညစ်ညစ်နဲ့
အိမ်ထဲက ရေတွေကို ခပ်ထုတ်နေရမှာ
တစ်ယောက်က "ဥပမာ" လို အစချီပြီး
မြင်သာအောင် ပြောဖို ကြိုးစားနေချိန်
နောက်တစ်ယောက်က "အစရှိသဖြင့်" ဆိုပြီး
နောက်ထပ် နားလည်ဖို ခက်တဲ့စကားတွေ ပြောသွားမှာ
ဥပမာ . .
တစ်ယောက်က ကဗျာဖြစ်နေတဲ့အချိန်
နောက်တစ်ယောက်က စကားပြေဖြစ်နေမှာ
အစရှိသဖြင့်ပေါ့
နှစ်ယောက်စလုံး တောတွေ တောင်တွေနား
သစ်ပင်အုံအုံတွေနဲ့ မြက်ခင်းကြမ်းကြမ်းလွင်ပြင်ဆီ
သွားချင်တာချင်း တူမယ် ဆိုရင်တောင်
တစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူမလဲ ။ ။
မောင်ရေချမ်း
.jpg)
5 Comments
အွန်း တစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူနိုင်ပါ့မလဲ
ReplyDeletedone
ReplyDeleteWheel............dope.🏹🏹🏹
ReplyDelete😍
ReplyDeleteRight
ReplyDeleteတယောက်နဲ့တယောက်ကတော့
ဘယ်တူမလဲ။