20-Second Timer
Time remaining: 20


- တစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူမလဲ -


တစ်ယောက်က ကမ်းခြေမှာ မိုးတွေ ရွာလို

ပျော်ပျော်ရွှင်ရွှင် ကနေတဲ့အချိန်

နောက်တစ်ယောက်က စိတ်ညစ်ညစ်နဲ့

အိမ်ထဲက ရေတွေကို ခပ်ထုတ်နေရမှာ


တစ်ယောက်က "ဥပမာ" လို အစချီပြီး

မြင်သာအောင် ပြောဖို ကြိုးစားနေချိန်

နောက်တစ်ယောက်က "အစရှိသဖြင့်" ဆိုပြီး

နောက်ထပ် နားလည်ဖို ခက်တဲ့စကားတွေ ပြောသွားမှာ


ဥပမာ .  .

တစ်ယောက်က ကဗျာဖြစ်နေတဲ့အချိန်

နောက်တစ်ယောက်က စကားပြေဖြစ်နေမှာ


အစရှိသဖြင့်ပေါ့

နှစ်ယောက်စလုံး တောတွေ တောင်တွေနား

သစ်ပင်အုံအုံတွေနဲ့ မြက်ခင်းကြမ်းကြမ်းလွင်ပြင်ဆီ

သွားချင်တာချင်း တူမယ် ဆိုရင်တောင်

တစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူမလဲ ။ ။


                               မောင်ရေချမ်း