Time remaining:
20
- ရယ်မောခြင်း ဆက်တင် -
ချာလီချက်ပလင်က
ရယ်ရတယ်နော် ဖေဖေ´
ဒုက္ခဆိုတာ ရယ်စရာလို ပြခဲ့တဲ့
ဖေဖေတိုခေတ်က သူရဲကောင်းကြီးပေါ့ သားရယ်။
ချာလီချက်ပလင်က
ဘာလို စကားမပြောတာလဲ ဖေဖေ´
သားရယ် ဒုက္ခတွေမှာ
ပြောစရာ စကားလုံးမှ မရှိတာကွယ်။
`ဒုက္ခဆိုတာ ဘာလဲဖေဖေ´
ဒုက္ခဆိုတာ...
ဖေဖေတို ခုကြုံတွေ့နေရတဲ့
နောင်လည်း ကြုံရဦးမယ့်
ရယ်စရာတွေပေါ့ သားရယ်။
- အန်နိုလာ
.jpg)
5 Comments
ဒုက္ခဆိုတာ ...
ReplyDeleteအတိုအစလေးတွေ😅
ReplyDeleteDone 🍀
ReplyDeleteDone 🍀
Deleteတစ်ချိန်က ဒုက္ခဆိုတာ
ReplyDeleteနောင်ဖြစ်လာမယ့် ဟာသပါ