Time remaining:
20
"လမ်းပေါ်မှ
မိတ်ဆွေဟောင်းတဦးသို့"
လက်ဆီ ဆေးလိပ်မီးက တွားသွားလာတာတဲ့
အရေပြားပေါ် အသဲကွဲကွဲကို ပြန်လည်ထေးဖာနေပါတယ်ဆိုတဲ့
ငါတို တခါက ရဲဘော်
စာခြောက်ရုပ် သီချင်းတပုဒ်
သူပဲ လမ်းညွှန်ပေးခဲ့
လေးထောင့်ကန်မီးရောင်တွေအောက်
သူလည်း အချိန်တန်အမှောင်ထဲ
တိုးဝင် နောက်
ပျောက်ကွယ်သွားတော့
သစ်ပင်တန်းတွေလည်း မစိမ်းစိုနိုင်
ဒီကောင် တယောက်ထဲ ပြန်ချသွားလိုက်တာ
တယောက်ထဲ ပြန်တာထက် တယောက်ထဲအဖြစ်ဟာ
အန္တရာယ်များတယ်ဆို။ ။
-ကောက်ကွေ့
.jpg)
9 Comments
💛
ReplyDeleteDone 🍀
ReplyDeleteDone 🤍
Delete🤍
ReplyDeleteAppreciate.
ReplyDeleteFighting
ReplyDeleteClick,click,click.......
ReplyDelete...
အသဲကျော်
ReplyDeleteရဲဘော်
လမ်းပေါ်မှာ ဆေးလိပ်ဖွာတုန်းပဲလား။
ဘဝတွေ
ReplyDeleteလမ်းပေါ်
ထွက်ကျခဲ့ပြီ