20-Second Timer
Time remaining: 20

 


အဆင်မပြေခြင်းမီးခိုးများ


ချေဂွေဗားရားပုံ တီရှပ်အောက်က

လူငယ်တစ်ယောက်ရင်ထဲ

ဘယ်သူတွေများ ၀င်ကြည့်ဖူးပါသလဲ

လောကအပေါ် အစာမကြေသမျှ

ဦးထုပ်နောက်ပြန်ဆောင်းတယ်

ကဗျာရေးတယ်

သတ္တိဆိုတဲ့စာတန်း တက်တူးထိုးထားတယ်

သွေးစုနာတစ်လုံးလို စူထွက်နေတဲ့

ခေတ်ရဲ့ခံစားချက်တွေကိုတော့

ဂစ်တာတစ်လက်ထဲထည့်

ရိုက်ခွဲပစ်လိုက်တယ်။


ဒီလိုပါပဲ

လူဆိုတာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်

သံသရာကိုလည်ပတ်

လမ်းထိပ်ကွမ်းယာဆိုင်ကကောင်လေးလည်း 

အဆင်မပြေဘူး။

ငါလည်း အဆင်မပြေဘူး။

ကမ္ဘာလည်း အဆင်မပြေဘူး။

ဆိုတော့...

အဆင်မပြေဘူးပေါ့

ဆိုတော့...

ဒါ  အရသာပေါ့။


သေခြင်းတရားကလွဲလို

အရာရာ

အဆင်မပြေခြင်း မီးခိုးများသာ

တိုဘ၀..... တိုကမ္ဘာ....

နိုင်ရာစား ဥပဒေသတွေနဲ့

ဤကို ကျွဲလုပ်စီးတဲ့ခေတ်မှာ

ကျီးပေါင်းတက်နေတဲ့

ငါ့လက်ထဲက အမှန်တရား

ဘယ်သူမှ စျေးဆစ်လို မရဘူး ။။


#ရးဒီ