"ငါတိုချင်း ပြန် တွေ့တဲ့အခါ"
အမှောင်ထဲ ဝတ်လစ်စလစ်လှဲလျောင်းနေမိတဲ့အခါ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဆီ အထိအတွေ့ကို ငါ့လက်ချောင်းထိပ်တွေကနေ သိနေနိုင်တယ်။ လှဲချလိုက်မယ်လို ရည်ရွယ်ပြီး လှဲချလိုက်တာမျိုး ၊ ဘယ်နေ့တော့ဖြင့် လှဲချဖို ရှိတယ်လို ကြိုတင်ကြံစည်ထားတာမျိုးလည်းမဟုတ်ဘူး။ တလောကလုံး မှောင်အတိကျသွားတဲ့အခါ ဒါမှမဟုတ် နှလုံးသားတခုလုံး အရိပ်တွေနဲ့ ပြည့်အင့်လာတဲ့အခါ ငါ့ရဲ့ အလိုလျောက် တုန့်ပြန်မှုဟာ ဝတ်လစ်စလစ်ချွတ် ကြမ်းပြင်ပေါ် လှဲချလိုက်တာဖြစ်တယ်။
အဲဒီအခါမျိုးမှာ ငါဟာ ဖြစ်ပျက်ခဲ့သမျှတွေကို မှိတ်ထားတဲ့ မျက်ခွံထဲ ရုပ်ရှင်တိပ်တွေလို တရစ်ပြီးတရစ် တင်ကြည့်မိတယ်။ တချိုနေရာတွေက အကောင်းပကတိ ၊ တချိုနေရာတွေက ယိုယွင်းပျက်စီး။ စိတ်မပါဘဲ အိပ်ရာဝင်ဖို ပြင်နေတဲ့ ငါ့ကိုယ်ငါ တွေ့ရတယ်။ သိက္ခာမဲ့လုပ်ရပ်နဲ့ ကိုယ်ကျင့်တရားချိုယွင်းနေတဲ့ လိပ်စာတခုကို တွေ့ရတယ်။ နောက်ပြီး လတ်တလော မှတ်ဉာဏ်တွေအားလုံး ပြွတ်သိပ်ထည့်ထားတဲ့ သေတ္တာတလုံးကို ဟင်းလင်းပြင်ထဲ တွေ့ရတယ်။ မင်းရယ်သံလား ၊ မင်းငိုသံလားပဲ။ ငါ့မျက်လုံးရုပ်ရှင်ရုံရဲ့ ထောင့်စွန်းထိုင်ခုံမှာ သက်သောင့်သက်သာထိုင်ရင်း ငေးကြည့်နေတာ တွေ့ရတယ်။ နှုတ်ဆက်ဖို ကြိုးစားတိုင်း ကြိုးစားမိပြီဆိုတာနဲ့ ရုတ်ချည်းပျောက်ကွယ်သွားတတ်တဲ့ ၊ မင်းနဲ့ ပတ်သက်တဲ့ ငါ့ဆီက တခုထဲသော ပိုစတာ။
တယောက်နဲ့တယောက်ကြား အစစအရာရာတွေ ရှိလာရင် ရာရာစစဆိုတဲ့ သဘောထားနဲ့ ဖြစ်သလို ရင်ဆိုင်ခဲ့ကြဖူးတယ်။ အခက်အခဲတွေကလည်း ငါတိုကို မမှု ၊ ငါတိုကလည်း အခက်အခဲတွေကို မမှု။ ဘယ်သူမပြု မိမိမှုဆိုတာ လမ်းပေါ် ကုန်စိမ်းကားပေါ်က ကျကျန်ရစ်ခဲ့တဲ့ ဂေါ်ဖီထုပ်လေးများလား။ ညတွေ ၊ ညတွေ ၊ ညတွေ ... ညတွေ။ အဆုံးမဲ့ညတွေထဲ အသက်ရှူသံတို လင်းထိန်နေကြတာ ဘဝဆိုတာတွေလား။ သေမင်းမှာရော ဘဝရှိလားဆိုတော့ ငါတိုအသက်တွေ ပြန်လိုက်သိမ်းရတဲ့ အလုပ်ဟာ သူ့ဘဝနေမှာပေါ့လို အတွေးခေါင်ခဲ့ဖူးတယ်။ ဒါဆိုရင်တော့ အချစ်ဟာ သူပေးခဲ့တဲ့ အချိန်ပိုပဲဖြစ်မှာပါ။ စက္ကန့်အားဖြင့် ခဏလေးက တဘဝလုံး ကြာချင်ကြာသွားတတ်တာမလား။ သိပ်မကြာခင် ဆက်သွယ်လာတော့မယ့် ဆန်းကြယ်မှုမှန်သမျှ မေ့ထားလိုက်လိုရပါပြီ။ ငါ့မှာ လောက်ငှနေပါပြီ။
ငါ့ဆံပင်ပေါ်က မင်းလက်ဗွေရာတွေဟာ ခေါင်းလျှော်ရေချိူးကိစ္စနဲ့ မဆိုင်ဘူး။ မင်းလက်သည်းနီဆိုးထားသလိုလည်း မအပ်စပ်လှဘူး။ အခု ငါ ထပ်တူထပ်မျှ ဖိထားမိတဲ့ အထိ။ နောက် နှစ်ဦးသားကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေရဲ့ တဆစ်ချိုး။ ချွေးအတူ စိုခဲ့ကြတဲ့ ဆံပင်တွေ ၊ မိုးအတူ စိုခဲ့ကြတဲ့ ဆံပင်တွေ ၊ ဆောင်းရာသီခေါင်းအုံးအောက်က ပူးကပ်နေတဲ့ ဆံပင်တွေ။
မျက်ရည် အတုတွေက ဈေးပေါတယ်။ ငါတို သုံးလေ့မရှိကြ။ မျက်ရည် အစစ်တွေ ဈေးကြီးတယ်။ ငါတို မသုံးနိုင်ကြ။ ကိုယ့်အကြောင်းနဲ့ကိုယ် ယုံကြည်တဲ့ မျက်ရည်များကိုသာ ငါတို စွဲစွဲမက်မက် သုံးစွဲခဲ့ကြတယ်။ ပြီးတော့ သူ့နေရာသူဆိုတဲ့ တယောက်တနေရာ ပြန်ထားလိုက်ကြတယ်။ အကွာအဝေးကို မိုင်တွေနဲ့ တိုင်းတာတာ ရယ်စရာမဟုတ်ပါဘူး။ မင်းနဲ့ငါ အဝေးအကွာဟာ ငိုစရာလည်း မဟုတ်ပြန်ဘူး။ ဒီနေ့ကနေလှမ်းပြီး မနက်ဖန်ကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြတယ်။ တွေ့ခွင့်ရဖိုအရေး လက်မှတ်တစောင် ၊ မြေအောက်ဘူတာရဲ့ စင်္ကြံတလျှောက် အချိန်မှန် မျှော်လင့်ရင်း။
အမှောင်ထဲ ဝတ်လစ်စလစ် လှဲချနေတဲ့အခါ ငါ့ကိုယ်ငါ မင်းအဖြစ်နဲ့တွေ့ရတာ မင်းအတွက် ငါ ဝမ်းသာတာ ပြောဖြစ်အောင် ပြောပြရဦးမယ် ၊ ငါတိုချင်း ပြန် တွေ့တဲ့အခါ။။
-ကောက်ကွေ့
မတ်၁၄/၂၂
.jpg)
12 Comments
ငါတို့ချင်းပြန်တွေ့တဲ့အခါ
ReplyDeleteAppreciate.
ReplyDelete🤍
ReplyDeleteFighting
ReplyDelete💛
ReplyDelete💛
Delete8223
DeleteClick,click,vlick.. . ......
ReplyDeleteDone 🍀
ReplyDelete🤍
Deleteအကွာအဝေးကို မိုင်တွေနဲ့ တိုင်းတာတာ ရယ်စရာမဟုတ်ပါဘူး။ မင်းနဲ့ငါ အဝေးအကွာဟာ ငိုစရာလည်း မဟုတ်ပြန်ဘူး။ ဒီနေ့ကနေလှမ်းပြီး မနက်ဖန်ကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြတယ်။ တွေ့ခွင့်ရဖိုအရေး လက်မှတ်တစောင် ၊ မြေအောက်ဘူတာရဲ့ စင်္ကြံတလျှောက် အချိန်မှန် မျှော်လင့်ရင်း။
ReplyDeleteမျှော်လင့်ရတာ မသက်သာ
ReplyDelete