Time remaining:
20
တစ်ယောက်ကို တစ်ယောက်ချည်မိဖိုအတွက်
ကြိုးတွေရှိမှဖြစ်မယ်ဆိုပြီး
လူပြက်ဟာ လက်ထဲက ကြိုးတွေကို ဆွဲထုတ်ပြတယ်
ပြီးတော့ အဲ့ကြိုးတွေကိုကျစ်တယ်
ပြီးတော့
ဒီကြိုးတွေဟာ သံယောဇဉ်ပါလို ပြောတယ်
လူတွေက မရီဘူး
ပြီးတော့
ဒီကြိုးတွေဟာ သေတတ်တယ်ပြောတယ်
လူတွေက မရီဘူး
ပြီးတော့
ဒီကြိုးတွေကို တိုင်မှာချည်ပြီး
ဆွဲကြိုးချသေပြတယ်
အဲ့တော့မှ လူတွေဟာ ဟေးခနဲ ဝါးခနဲ
လူပြက်ကတော့ တကယ်သေသွားတယ် ။
ဗာဂို
.jpg)
6 Comments
💔
ReplyDeleteDone 🍀
ReplyDelete💔
ReplyDeletedone
ReplyDelete😿
ReplyDeleteကြောက်ဖို့အကောင်းဆုံး ကြိုးတွေ
ReplyDelete