20-Second Timer
Time remaining: 20

 


ကော်ဇောဟာအထီးကျန်အကြောင်းပြောလာတယ်


ကော်ဇောဟာ ဖုန်စုပ်စက်နဲ့တွေ့မှ အချစ်ဖြစ်လာတယ်


အချစ်ဟာ နားလည်ရခက်ပါတယ်


နားလည်ရခက်တဲ့အကြောင်း ပညာရှိတိုင်းပြောကြပါတယ်


ပြောတဲ့ပညာရှိတိုင်းဟာ အချစ်မှာရှုးနိမ့်ဖူးကြတယ်


သေနတ်မောင်းကိုဆွဲပြီးချိန်ထားတဲ့အချိန် အချစ်ဟာ စီးကရက်နဲ့တူနေပါတယ်


တော်လှန်ရေးလက်သီးဆန့်တန်းလိုက်တဲ့အခါ မျက်ဝန်းမှာ အချစ်ဟာစီးကျလာပါတယ်


အချစ်အကြောင်းပြောတဲ့လူတိုင်းဟာ အံကိုကြိတ်ရင်ကြိတ် မဟူတ်ရင် လေဟာနယ်ထဲကို ခုန်ချလိုက်တဲ့သူတွေပါပဲ


ခင်ဗျားဟာ ဘယ်အုပ်စုထဲမှာပါဝင်ပါသလဲ


ဒီကာလမှာ အချစ်အကြောင်းပြောရခက်ပါတယ်


ခြင်ဆေးခွေထဲမှာ အချစ်မရှိပါဘူး၊ မီးညှိမယ့်လက်ထဲမှာသာ ရှိပါတယ်


ကော်ဇောရဲ့တိတ်ဆိတ်မှုကို ဘယ်သူမှ လှန်မကြည့်ပါဘူး


ချစ်သူရဲ့ခြေဖဝါးကဖုန်တွေကိုသာ စိုးရိမ်တတ်ကြပါတယ်


အေးစက်မှုတခုဆီတိုင်းအတွက် အဖြေဟာ လောင်ကျွမ်းမှုပါပဲ။

#အမ်ဂျီသာယာ