တစုံတယောက်ကိုမေ့ဖို
°°°°°°°°°°°°°°°°°°°°°°°°°°°°
တစုံတယောက်ကိုမေ့ဖို အချိန်ဘယ်လောက်ယူရလဲ
လက်ကောက်ဝတ်ရဲ့ ရင်ခုန်နေတဲ့ သွေးကြောတွေလား
ထုပ်တန်းကနေကျနေတဲ့ ကျစ်ဆံမြီးဆံနွယ်လေးလား
ဒါတွေ တခုမှမဖြစ်နိုင်ရင်တောင်
ဆေးကွဲမျက်ဝန်းကနေ အလိုလို သက်တံ့တွေထွက်လာတာမျိုး
ပြီးတော့ ငါ့မှာ မြစ်တခုရှိတယ်၊ ပြောင်းနေတဲ့ မြစ်ရေရောင်ပေါ်မှာ သေဆုံးသူတွေက
ကလေးငယ်တယောက်ရဲ့ဆာလောင်ချိန်မှာ မြည်တဲ့
အရေးပေါ်လူနာတင်ယာဥ်ပုံစံပေါ့
ငါဘယ်လိုမေ့ရမှာလဲ
ငါဘယ်လိုမေ့ရမှာလဲ
ဒီစာသားနှစ်ကြောင်းမှာ မေ့ ဆိုတဲ့ အသုံးဟာ
စိတ္တဇလူသတ်သမားရဲ့နာမည်ပဲ
နောက်ထပ် တခန်းရပ်ဖို ဒါရိုက်တာက ကဒ်လို မပြောခင် အခိုက်အတန့်မျိုးပေါ့
ရုပ်ရှင်တွေလည်း မကြည့်ဖို၊ အထူးသဖြင့် စောက်ရမ်းဒိတာတွေ
အဆိပ်အတောက်တွေ ဖွင့်ပြီး ပုလင်းထဲကိုပြန်ထည့်လိုက်တာ ပြီးတော့ အိပ်ဆေးတွေ
ဒါဟာ ထူးဆန်းမှုတော့မဟူတ်ပါဘူး၊ အိပ်လိုက်ရင် မေ့လိုမေ့ငြားပေါ့
ဒါပေမယ့် ကမ္ဘာဟာ မညာခဲ့ပါဘူး
အိပ်မက်ထဲအထိ သတိရမှုတွေယူဆောင်လာမှာပါ
တစုံတယောက်ကိုမေ့ဖိုဆိုတာ ဘုရားတဆူနဲ့ နောက်တဆူ ပွင့်ဖို ကြားကာလလည်း ဖြစ်နေနိုင်ပါတယ်။
#အမ်ဂျီသာယာ
.jpg)
10 Comments
Virus😁
ReplyDeleteတစုံတယောက်ကိုမေ့ဖို အချိန်ဘယ်လောက်ယူရလဲ???
ReplyDeleteAppreciate.
ReplyDeletedone
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteတစ်စုံတစ်ယောက်ကိုမေ့ဖို့😌
ReplyDelete😶
ReplyDeleteတစုံတယောက်ကိုမေ့ဖိုဆိုတာ ဘုရားတဆူနဲ့ နောက်တဆူ ပွင့်ဖို ကြားကာလလည်း ဖြစ်နေနိုင်ပါတယ်။
ReplyDeleteGood!
ReplyDeleteFighting
ReplyDelete