20-Second Timer
Time remaining: 20


 "အလွမ်းမှာ မှာထားခဲ့မယ် မှားမိတယ်လိုမပြောကြေး"


စံပယ်တွေ တစ်ပွေ့တစ်ပိုက်နဲ့

နင့်အိမ် တံစက်မြိတ်အောက်ကိုရောက်တိုင်း

သတိရတယ်

ဒီအချိန် နင်ဘာလုပ်နေမလဲဆိုတာကို

ငါ့စိတ်ကူးလေးနဲ့

နင့်အိမ်ခေါင်မိုးမှာ ထိုးစိုက်ခဲ့တဲ့

ပျော်ရွှင်ခြင်းတွေလည်း

အခု. . .လာဘ်လာဘမပွင့်ဘူး

လိမ္မော်သီးလေး တစ်မွှာကအစ

လေယာဉ်ပျံကြီးဘဲဖြစ်ဖြစ်

နင့်အတွက်ဆိုရင်

မေတ္တာတရားဟာ ဒီလောက်တွေးခေါ်နေစရာမှမလိုတာ

အမိုးထဲကနေ သစ်ပင်ဟာထိုးထွက်လို

လမ်းဟာ မြစ်ထဲကိုတိုးဝင်ပျောက်ကွယ်လို

စင်ထွက်လာတဲ့ ကျောက်စရစ်ခဲလေးမှာ

နင့်နာမည်ကို တွေ့ရတယ်

မျက်နှာကျက်မှာ ကျပ်ခိုးစွဲသလို

ဒီလောက်မြဲမြံခဲ့ကြပြီးမှ ဖြစ်ရတယ်

သစ္စာတရားဟာ ငွေပေါ်‌လျှော့ဈေးပဲ

အသဲကွဲကြသူများ လူရွှင်တော်ကလပ်ပဲ

ဆေးဖော်ကြောဖက်မလုပ်ချင်တဲ့ မျက်ရည်ပဲ

မှတ်မိနေသေးတဲ့ အဲဒီတစ်နေ့ဟာ

ခါးဝတ်ခါးစား အမှားလေးနဲ့

ငါ့ကိုနှုတ်မဆက်

ကသုတ်ကရက်လေး ထွက်သွားလိုက်တာ.  .  . ။

                    

                                                           #Aမွန်