သေသူတွေကြားထဲ ငါကအချစ်အကြောင်းပဲတွေးနေတယ်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
နေ့စဥ် အလောင်းတောင်ကောက်မရတဲ့
အဲဒီပူဆွေးဝမ်းနည်းသစ်တောထဲ
လက်နက်မရှိ စာရွက်မပါ၊ ဒါတောင်
ဒီကောင်က အချစ်ကဗျာရေးဖိုပဲကြိုးစားနေတယ်
ပြီးတော့လည်း ကဗျာထဲမှာ ဗုံးသံမကြားဖူးတဲ့ချစ်သူအကြောင်း
တခမ်းတနားဖွဲ၊ လက် အသားမာမတက်တဲ့အပြင်
အပိုင်းပိုင်း အသားစတွေကြားက သွေးကြောစိမ်းစိမ်း၊
မွှေးညှင်းနုနုလေးအကြောင်း
အချစ်က ရှေ့တန်းမှာ ပွင့်သွားတဲ့ဦးခေါင်းပေါ့
သဂြိုလ်ခွင့်မရတဲ့ နှင်းဆီပွင့်ပေါ့
အဲဒီလို လှလှပပတင်စား၊
ကမ္ဘာမှာ မင်းအတွက် လည်စရာတွေသိပ်များတယ်
ကိုယ့်အတွက်တော့ လည်စရာဆိုလို မျက်ရည်ပဲရှိတယ်
ဒီလို ဒိုင်ကြောင်တွေရေရွတ်ရင်း၊ သေနတ်ပြောင်းကို ပွတ်တိုက်နေတယ်
ငါ့ဘော်ဒါတွေအားလုံး သူရဲကောင်း၊ ငါကတော့
သူရဲဘောကြောင်၊ လိပ်ပြာလုံအောင်လို
တော်လှန်ရေးကဗျာတွေလည်းမရေး
မင်းဘာလုပ်နေလဲ၊ ကျနော်အချစ်အကြောင်းတွေးနေပါတယ်
သူတိုတွေအိမ်မှာ ကျန်ခဲ့လိုလေ
ငါနဲ့အတူတူ ။
အမ်ဂျီသာယာ
(Mar22)
.jpg)
8 Comments
💔
ReplyDeletedone
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteကမ္ဘာမှာ မင်းအတွက် လည်စရာတွေသိပ်များတယ်
ReplyDeleteကိုယ့်အတွက်တော့ လည်စရာဆိုလို မျက်ရည်ပဲရှိတယ်
#အမ်ဂျီသာယာ
မင်းဘာလုပ်နေလဲ၊ ကျနော်အချစ်အကြောင်းတွေးနေပါတယ်
ReplyDeleteသူတိုတွေအိမ်မှာ ကျန်ခဲ့လိုလေ
ငါနဲ့အတူတူ ။
အမ်ဂျီသာယာ
😐
ReplyDeleteကိုယ့်အတွက် လည်စရာဆိုလို့ မျက်ရည်ပဲရှိတယ်
ReplyDeleteFighting
ReplyDelete