Time remaining:
20
ညီမလေးမြို့ပြ
________
အသက်မရှိတော့မှန်း သိပေမဲ့
မရိပ်မိအောင် စောင့်စည်းနိုင်ခဲ့ကြ
ငါတိုညနေခင်းတွေ ။
တစ်ယောက်ပေါ်တစ်ယောက်မှိင်းညိုခဲ့မှုတွေ
တစ်ယောက်ပေါ်တစ်ယောက်အုံဆိုင်းခဲ့မှုတွေ
ဝေးမှာသေချာတော့မှ
ရင်ဟာတစ်ဖျတ်ဖျတ်ခုန်လာတယ် ။
မင်းကကျောပိုးအိတ်လေးလွယ်လို
ငါက ငါ့မျက်ရည် ငါလွယ်လို
တစ်ယောက်နဲ့ တစ်ယောက်
မိသွားမှာလည်း စိုးရိမ်ရ
လွတ်သွားမှာလည်း စိုးရိမ်နေရ။
မင်းရဲ့လက်ရေးဝိုင်းဝိုင်းလေးကအစ
မင်းရဲ့ ကျောပြင်လေးကအစ
မင်းရဲ့ လူသားချင်းစာနာစိတ်ကအစ
အစစအရာရာ ပြာကျပစ်လို ဖြစ်ပါ့မလား ။
ခုတော့
မြေကြီးနဲ့လေယာဉ်ပျံလို
ငါတို ဝေးခဲ့ကြပြီ ။
ညီမလေး
အောင်မြင်တဲ့ဘောလုံးအသင်းတစ်သင်းလို
ကွင်းလယ်ကိုစီးမိုးပြီး
ကိုယ့်နေ့ရက်ကိုယ်ဆန်တက်ပါညီမလေး ။
ငါတိုဟာ
ကွဲကြေနေတဲ့မှန်သားတွေဖြစ်ခဲ့ရင်တောင်
ငါတိုရဲ့ အစအန တွေ
ဘယ်အရာကိုမှမဖိတ်စင်အောင်
နေတတ်ရမယ်
ဒါမှ
ညီမလေးမြိုပြ။ ။
- အောင်ခိုင်မြတ် -
.jpg)
6 Comments
ဝေးမှာသေချာတော့မှ
ReplyDeleteရင်ဟာတစ်ဖျတ်ဖျတ်ခုန်လာတယ် ။
စိတ်ချ🤭
ReplyDeleteDone 🍀
ReplyDeleteDone 🍀
Delete😢💏
ReplyDeleteငါတိုဟာ
ReplyDeleteကွဲကြေနေတဲ့မှန်သားတွေဖြစ်ခဲ့ရင်တောင်
ငါတိုရဲ့ အစအန တွေ
ဘယ်အရာကိုမှမဖိတ်စင်အောင်
နေတတ်ရမယ်