20-Second Timer
Time remaining: 20

အဆင်ပြေနေတဲ့မိုးတိမ်တွေ


ဟာလာဟင်းလင်းကြီးထဲ

ဖြစ်ချင်တိုင်းဖြစ်နေကြ

သူတိုပဲ အဆင်ပြေတယ်

တော်ကြာပေါ်လာလိုက်

တော်ကြာပျောက်သွားလိုက်

သူတိုပဲ ဟန်ကျတယ်

သူတိုပဲအမျိုးမျိုး

ငါတိုလိုမျိုးအာဏာအသိမ်းမခံရတဲ့သူတွေ

ငါတိုလိုမျိုးစစ်ဘေးမရှောင်ရတဲ့သူတွေ

ငါတိုလိုမျိုး သွေးသံတရဲရဲချွေးတရွှရွှမဖြစ်ရတဲ့သူတွေ

လွတ်မြောက်နယ်မြေမှာ ဖြစ်ချင်တိုင်းကိုဖြစ်နေကြတယ်

သေနတ်တစ်လက်လို၊ရဟန္တာတစ်ပါးလို၊ဒေါင်းရုပ်တစ်ရုပ်လို၊ အမျက်ထွက်နေတဲ့ဘီလူးတစ်ကောင်လို

အမျိုးမျိုးပဲ တတ်လည်းတတ်နိုင်ကြတယ်

ဟာလာဟင်းလင်းကြီးထဲ

ဖြစ်ချင်တိုင်းကို ဖြစ်နေလိုက်ကြ။


#နစ်ခ်