Time remaining:
20
အချစ်
ခဏ ခဏ နာကျင်ရတော့
ကြောက်လာတယ်
ခဏ ခဏ ကြောက်ရတော့
နာကျင်ရတယ်
စောက်ပိန်းတွေ ပြောသလိုမျိုး
နာကျင်ရမှ အချစ်လိုခေါ်ရင်
ကိုယ်လဲ နာကျင်ရင်း ကြောက်မယ်
ရလား အဲ့လိုမျိုး ရလား ?
ဘာမှ မမြင်ရဘူးဆိုပြီး
ကြယ်တွေကို အားကိုးခဲ့သူပါ
လ ဟာ
အဲ့ဒိနေ့တုန်းက မိုက်နေပေါ့ မှောင်နေပေါ့
လွမ်းစရာရှိရင် နာစရာနဲ့ ဖြေတယ်
နာစရာရှိရင် ဘာနဲ့ဖြေမလဲ
စဉ်းစားစရာပဲ
ရင်းနှီးကျွမ်းဝင်မှုဟာ
နာကျင်စရာတွေ ဖြစ်လာရနိုး ဆိုရင်
ကိုယ်က ဒဲ့ပဲမေးမယ်
ကဲ.. ပြော ပြော
မင်းရဲ့ ထောင်ချောက် ဘယ်မှာ ဝှက်ထားသေးလဲ ?
ဗာဂို
.jpg)
7 Comments
😅
ReplyDeleteDone 🍀
ReplyDelete💛
ReplyDeletedone
ReplyDelete☑️
ReplyDeleteအချစ် = နာကျင်မှု
ReplyDeleteမင်းရဲ့ထောင်ချောက်က
ReplyDeleteကျုပ်နှလုံးသားပဲ