ချေဂွေဗားရား(၁)
လူတိုင်းသေရမယ်ဆိုတာသိပြီးသားမို
ဘာဆန်းလိုတုန်း
ဘယ်လိုသေရမလဲဆိုတာသာ ဆန်းရတယ်။
မင်းတိုငါ့ကိုသတ်ပစ်မယ်ဆိုတာ
တော်လှန်ရေးမစခင်ကတည်းက ငါသိခဲ့တာပဲ။
လူဆိုတာ ကျည်ဆန်နဲ့မသေလည်း
နောက်တစ်နည်းနဲ့သေချာပေါက် သေရမှာ သေချာ။
ဥပမာ
ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတုန်း
ခေါင်းပေါ်ပန်းအိုးတအိုး ပြုတ်ကျလာပြီး
သွေးအိုင်ထဲ နှင်းဆီတွေ ပွင့်ထွက်သွားသလိုပေါ့။
ဥပမာ
ပင်လယ်ရဲ့ ညနေဆည်းဆာကိုထိုင်မျှားနေရင်း
ဧရာမလှိင်းလုံးကြီးရဲ့
ခုန်အုပ်စားသောက်ခြင်းကိုခံလိုက်ရတဲ့ လူအုပ်ကြီးလိုပေါ့။
ဥပမာ
ဒဏ်ခတ်ခံထားရတဲ့ဒဏ်ရာတွေ
ဒဏ်ခံကြိုးတစ်ချောင်းဆီကပြတ်ထွက်
ညဘက် ဒေတာတစ်ခုလုံး
နံရံတစ်ခုထဲပြေးဝင် ပြဲထွက်သွားသလိုပေါ့။
ရပါတယ်။
မရတာက
ခင်းဗျားတိုဘက်ကအော်သံတွေက
ကျုပ်လက်ထဲကဆေးထိုးအပ်ကို လွတ်ကျစေခဲ့တာပဲ။
ဒါကြောင့်
ကြံခင်းတွေထဲမှာ ဆေးပြင်းလိပ်ကြီးခဲပြီး
အရုဏ်ဦးကိုဆွဲဖွင့်နေသူ ကိုယ့်လူကြီးဆီကျုပ်သွားခဲ့ရတာပေါ့။
လူဆိုတာ လူကိုကာကွယ်ရမယ်။
ဒီ့အတွက် ကျုပ်မှာ နိုင်ငံမရှိ။
ဒီ့အတွက် ကျုပ်မှာသက်သေခံအထောက်အထား
အိမ်ထောင်စုဇယားမရှိ။
ဒီ့အတွက် ကျုပ်မှာ ကျုပ်မရှိ။
ဒီ့နောက်မှာ ကျုပ်ဦးထုပ်
ခင်ဗျားတိုခေါင်းပေါ်ရောက်နေမှာကို ကျုပ်မသိ။
ဒီ့နောက်မှာ ကျုပ်အလောင်း
ခင်ဗျားတိုပြတိုက်ထဲရောက်သွားမှာကို ကျုပ်မသိ။
ဒီ့နောက်မှာ ဒီနာမည် ဟာ
တော်လှန်ရေးရဲ့သင်္ကေတတစ်ခုဖြစ်သွားမှာကို ကျုပ်မသိ။
လူငယ်တို
အရေပြားပေါ် ကျုပ်အရုပ်ကို လှီးထည့်ထားရုံနဲ့
တော်လှန်ရေးကအဆုံးမသတ်နိုင်ဘူး။
မတရားမှုဟာ
တချက်ခြင်းသွားနေတဲ့ နာရီတလုံးထဲက စက္ကန့်တံတချောင်းလိုပဲ
အကြီးမားဆုံးခရီးသွားတဦးအဖြစ် ကမ္ဘာထဲ ဆက် သွာနေလိမ့်ဦးမယ်။
သတိမရှိရင် သေမယ်။
သတိရှိရင် ရှင်မယ်။ သတိရှိကြ။
ကျုပ်ဇနီး အလိုင်ဒါ ကိုလည်းပြောလိုက်
ကလေးတွေကို ပညာတတ်အောင်သင်
သူလည်း နောက်အိမ်ထောင်ပြုလိုက်လို။
ကဲ တချက်တည်းနဲ့ကြွင်းဝင်အောင် စိမ်တတ်သူကြီးတို
တချက်တည်းနဲ့ ငါ့ကိုရအောင်ယူလိုက်တော့။
အဲ့ဒီလို ကျုပ်သူတိုကို အော်ပြောလိုက်တဲ့ အသံဟာ
ခင်ဗျားတိုရှေ့မှာ ဒီနေ့အထိ
ပြန့်ကျဲ နေဆဲလေ၊ မဟုတ်ဘူးလား သေနတ်သံေတွေအဖြစ်နဲ့။ ။
#ခရမ်းပြာထက်လူ
.jpg)
17 Comments
လူဆိုတာ လူကိုကာကွယ်ရမယ်။
ReplyDeleteဒီ့အတွက် ကျုပ်မှာ နိုင်ငံမရှိ။
72623
Delete83023
Delete9123
Delete9823
DeleteDone 🍀
ReplyDeleteDone 🍀
DeleteDone 🤍
Delete🤍
ReplyDeleteAppreciate.
ReplyDeleteသတိရှိကြ
ReplyDelete❤❤❤
ReplyDelete♥︎
ReplyDelete♥︎
DeleteDone
ReplyDelete❤
ReplyDeleteသတိမရှိရင် သေမယ်။
ReplyDeleteသတိရှိရင် ရှင်မယ်။ သတိရှိကြ။