20-Second Timer
Time remaining: 20

 


ငွေဟာအရေးကြီးတယ်               

_______                   


ငါ့အသည်းကိုခွဲသွားတဲ့ ငယ်ရည်းစားကိုတရားပြလိုရတယ်

ပါရီမြိုက ရိုတွန်ကဖေးမှာ ထိုင်မလား

ရန်ကုန်မြိုက လေထန်ကုန်းမှာ ထိုင်မလား

ဟာဝိုင်အီသွားမလား ချောင်းသာသွားမလား

လောကဓံတရားနဲ့ချိန်းရိုက်မလား

နိဗ္ဗာန်ကလွဲလို အကုန်သွားလိုရတယ်

အဆိုတော်လုပ်မလား

မောင်ချောနွယ် ကဗျာပေါင်းချုပ်ထုတ်မလား

ဒါမှမဟုတ်

ကဗျာဆရာတွေနဲ့ပဲ ၃၃လမ်း နောက်ခံ

ရုပ်ရှင်တစ်ကား ရိုက်မလား

ငွေဟာ အရေးကြီးတယ်

နေရာတကာမှာ ဆရာလုပ်လိုလည်းရ

ခပ်ညံ့ညံ့ကောင်တွေကို လူပါးဝလိုလည်းရ

ငါတိုတွေ ဒုက္ခတွေ့တဲ့အခါ

တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်တဲ့အခါ

ချစ်တဲ့အခါ မုန်းတဲ့အခါ

အောင့်ကာနမ်းကြ ဒူးထောက်ကြ

သစ္စာဖောက်ကြ

ငွေဟာ အရေးကြီးတယ်

အဲဒီ -  အရေးကြီးတဲ့ငွေကို သတ်မလို

အခု -  ငါလိုက်ရှာနေတယ် ။ ။


-ရိုးဒီ