20-Second Timer
Time remaining: 20

 


ကျနော်တို့ခေါင်းပေါ်ကျလာတာ

မဟုတ်ဘူးဆိုရင်

အုတ်နီခဲရဲ့အလေးချိန်ကို

လျှော့ပြောတတ်ကျသလို

ကိုယ့်ဘဝ ကိုယ့်ခန္ဓာ

ကိုယ့်အချစ်မှမဟုတ်ရင်

နှလုံးသားကိုလည်း  စောက်ပိုလို

ကျနော်တို ပြောတတ်ကြသေးတယ်။


-စိုင်း၀င်းမြင့်