Time remaining:
20
- လင်းနို -
အမှောင်ခေတ်မှာ
တောင်ပံတွေ ဖြန့်ပြီး
သူ ပျံ တယ် ။
သွေးနီရောင်ရဲရဲဟာ
သူ့အစာ သူ့အာသာ။
သူ့ကိုယ်သူ သတ္တဝါတစ်မျိုးဆိုပြီး
သူများနဲ့ မတူအောင်
ဇောက်ထိုးအိပ်တယ်။
အလင်းရောင်ကို ကြောက်လို
သူ့တောင်ပံ သူခြုံအိပ်တဲ့
အဓမ္မ ဘက်တော်သား။
ဟဲလို!
မစ္စတာ ဖန်ဆင်းရှင်ရေ
ခင်ဗျားဘာလို
ကြွက်ကို အတောင်ပံတပ်ပေးခဲ့တာပါလဲ။
- အန်နိုလာ
.jpg)
8 Comments
❣️
ReplyDeleteInnn...
ReplyDeleteDone 🍀
ReplyDeleteDone 🍀
Delete❤
ReplyDelete💛
ReplyDeleteDone
ReplyDelete👍
ReplyDelete