20-Second Timer
Time remaining: 20

 


တိုးဝှေ့လာတဲ့ လမင်းရဲ့အလင်း

လေညှင်းရဲ့ခေါ်သံ

================

တွေးတွေးဆဆရေးပြတာပါ

ထိန်းရတာတွေလဲများလွန်းတော့

ရင်ခုန်သံတောင် စည်းမဲ့ကမ်းမဲ့ဖြစ်လိုမရ

ပရီုစီဂျာ တွေအောက်က ကုန်းရုန်းထနေရတဲ့ ချစ်ခြင်းက ခပ်တိုးတိုးလေးဆိုတယ်

မချစ်တဲ့သူက ဆင်ခြေပေးတယ်

ချစ်တဲ့သူက အချိန်ပေးတယ်။

လမင်းကတော့ လင်းဆဲပါ။

အလင်းက ကိုယ့်ဆီ အစက်အပျောက်

လေးလောက်တောင် ရောက်ရဲ့လား။

နူးညံ့မှုတွေအောက် ပြားပြားမှောက်

စာနာဖေးမ တွေးတွေး ဆ ဆ နဲ့

တရွေ့ရွေ့ လျှောက်လာတဲ့

လေညှင်းကရော

ခေါ်သံလေးတောင် ပေးပါ့မလား။

                           #မြတ်ကျော်