ကိုယ့်ဒေါင့်ချိုးထဲမှာ ကိုယ် နေထိုင်ပါတယ် 


ကိုယ့်စိတ်ကို တစ်နည်းနည်းနဲ့

အနှောက်ယှက် လာပေးသူတွေကို ရှောင်ပါတယ် 


ထင်ချင်သလို ထင်လို ရပါတယ် 


ထင်တဲ့သူတွေဟာလည်း

လူကောင်းသူကောင်းတွေ ဖြစ်ပါလိမ့်မယ် 


ဒါပေမယ့် အဲဒါဟာ ကျွန်တော်နဲ့မဆိုင်ပါဘူး 


ဘာလိုလည်း ဆိုတော့

လူကောင်းသူကောင်းတွေတိုင်းဟာ

ကိုယ်နဲ့ အဆင်ပြေမယ်လို ဘယ်သူကမှ 

အာမ မခံပါဘူး 


ကျွန်တော့်ဘက်ကလည်း အာမ မခံပါဘူး 


ကျွန်တော်ကလည်း သူတိုအတွက်

လူကောင်းသူကောင်းတစ်ယောက် ဖြစ်မနေချင်ပါဘူး 


အချိန်မရွေး တစ်ခုခုဖြစ်သွားနိုင်ပါတယ် ။


#ကြည်ဇော်အေး