20-Second Timer
Time remaining: 20


"နွေဦး"


နွေဦးဟာ

ဘယ်တုန်းကမှ ရောက်မလာခဲ့ဘူး

သစ်ရွက်တွေကြွေချင်ကြွေနေမယ်

အသက်‌တွေ လမ်းပေါ် ကစဉ့်ကလျား 

တံလျှပ်များက တဖျတ်ဖျတ် မှတ်တမ်းတင်လို

ရေဟာငတ်မွတ်သူအတွက်ပဲ 

သစ္စာရှိတာ မရှိတာ

ဖောက်ပြန်တာ ဖောက်ပြားတာ

ရာသီဥတုက ပြေးလွှား 

ဆော့ကစားနေမှာ

ချွေးသံရွှရွှရယ် ...

သွေးနဲ့အသံတွေလည်းရဲရဲ

ဂစ်တာလက်ခတ် 

သစ်စက်အဟောင်းတခုနဲ့

သူ့ကိုယ်ပေါ်ကလွှစာမှုန့်တွေအထိ

တော်လှန်ရေးဟာ စိုက်ရောက်ခဲ့

‌ဆိုက်ဆိုက်မြိုက်မြိုက်ရပ်ကွက်ထဲ

နိုင်ငံရေး အလိုမရှိတဲ့

ဒါပါပဲ တကယ်တမ်း 

နွေဦးဟာ ဘယ်မှတ်တိုင်မှမရပ်နားခဲ့

ကျန်ရစ်သူတွေသာ ဆက်၍ ရွေ့လျားလျက်။ ။


-ကောက်ကွေ့