ရင်ဘတ်လမ်း
မကောင်းတဲ့ခေတ်ချင်းတူပေမယ့်
ဒီဘက်ခေတ်မှာတော့ သီချင်းတွေအကျယ်ကြီးဖွင့်ပေးတဲ့
လမ်းဘေးကဖေးဆိုင်တွေ မရှိတော့ဘူး။
ကိုယ်စားသုံးချင်တဲ့ သီချင်းတွေကို
လမ်းဘေးကဖေးဆိုင်ထိုင်ရင်း
လူရှေ့သူရှေ့ လွင့်မျောခွင့်မရှိတော့ဘူး
အခုဆို
ဘယ်သူက ဘယ်သူ့ကို ကြိုက်နေတာမှန်းတောင်
ငါတို မသိနိုင်တော့ဘူး
မင်းနားကြပ်လေးထဲက သီချင်းဟာ ဘာသီချင်းပါလိမ့်
မင်းရင်ထဲမှာ ဘယ်သူတွေပေါက်ရောက်နေတာလဲ
ပျောက်ဆုံးခြင်းဟာ အခန်းကိုယ်စီဆီ အထီးကျန်စွာရောက်ရှိလာ
ဘာသာနဲ့ထုထားတဲ့ နှစ်တွေလဲ။
ချာတိတ်ဆိုတာ
ကိုယ့်ရင်ဘတ်ကိုယ်
ထင်ရာစိုင်းပြီး ဆွေးမြေ့ခွင့်ရှိပါတယ် ။ ။
#အောင်ခိုင်မြတ်
.jpg)
7 Comments
ချာတိတ်ဆိုတာ
ReplyDeleteကိုယ့်ရင်ဘတ်ကိုယ်
ထင်ရာစိုင်းပြီး ဆွေးမြေ့ခွင့်ရှိပါတယ် ။ ။
#အောင်ခိုင်မြတ်
မင်းရင်ထဲမှာ ဘယ်သူတွေပေါက်ရောက်နေတာလဲ
ReplyDeleteဟင်🌝
ReplyDeleteချာတိတ်ဆိုတာ
ReplyDeleteကိုယ့်ရင်ဘတ်ကိုယ်
ထင်ရာစိုင်းပြီး ဆွေးမြေ့ခွင့်ရှိပါတယ် ။ ။
#အောင်ခိုင်မြတ်
❤
ReplyDeleteချာတိတ်ဆိုတာ
ကိုယ့်ရင်ဘတ်ကိုယ်
ထင်ရာစိုင်းပြီး ဆွေးမြေ့ခွင့်ရှိပါတယ် ။ ။
#အောင်ခိုင်မြတ်
💛💜
Appreciate.
ReplyDeleteDone
ReplyDelete